By 7daydaily, Shweproperty.com
Updated at 22 July 2015
ရန်ကုန်တိုင်းအတွင်း တည်ဆောက်မည့် ICT Park အသစ်တွင် ဝင်ရောက်လုပ်ကိုင် ရန် စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ စာရင်းပေး သွင်းရန် EOI တင်ဒါခေါ်ယူခဲ့ရာ စိတ်ဝင်စားသည့် ကုမ္ပဏီအများ အပြားရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သတင်းရရှိ သည်။ ‘‘စိတ်ဝင်စားလို့ လာ လျှောက်ထားတဲ့ ကုမ္ပဏီတော် တော်များပါတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းက စာရင်းကြည့်တော့ ၁၆၀ လောက်ရှိတာတွေ့ရပြီး နောက် ဆုံးစာရင်းပိတ်တော့ ဘယ်လောက်ရှိလဲဆိုတာကို ဒီရက်အ တွင်းမှာ အစည်းဝေးထိုင်ပြီးရင် ထုတ်ပြန်ပေးသွားပါမယ်’’ဟု မြန် မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။ ယခုခေါ်ယူသည့် EOI တင်ဒါသည် ICT Park အသစ် စီမံကိန်းအ ပေါ် စိတ်ဝင်စားသည့်ကုမ္ပဏီအ ရေအတွက်ကို သိရှိရန် ကွန်ပျူ တာအသင်းချုပ်၏အဖွဲ့ဝင် ကုမ္ပ ဏီများဖြစ်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ခြင်းဖြစ် ပြီး လုပ်ငန်းအကောင်အထည် ဖော်သည့်အခါတွင် လုပ်ကိုင်ခွင့် အတွက် တင်ဒါ ထပ်မံခေါ်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘အခုခေါ်တဲ့ တင်ဒါက ကုမ္ပ ဏီဘယ်နှခုလောက်က စိတ်ဝင် စားသလဲဆိုတာ သိချင်လို့ ဖိတ်ခေါ်လိုက်တဲ့ သဘောပါ။ လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါကျရင် လုပ်ကိုင်ခွင့်အတွက် တင်ဒါ ထပ်ခေါ်သွားမှာ ဖြစ်ပါ တယ်’’ ဟု မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း အတွင်းရေး မှူး ဦးမျိုးမြင့်ထွန်းက ပြောသည်။ နိုင်ငံတော်သမ္မတက ICT Park အဖြစ် တည်ဆောက်ရန် မြေဧက ၅၀၀ အသုံးပြုခွင့် ပေး ထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သန်လျင်မြို့နယ် အတွင်း ကနဦးစီမံကိန်းအနေဖြင့် မြေဧက ၃၀၀ ပေါ်တွင် ဆောင်ရွက်ရန် နေရာပေးခဲ့သည့်အတွက် အဆိုပါမြေနေရာများအနက် ဧကအချို့ကို EOI တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : 7day daily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties