By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 28 November 2017
''ငါ့ဇနီးက မြေတစ်ကွက်ဝယ် ဖို့သွားရောက် ကြည့်ရှုစုံစမ်းလိုက် တော့ ရွာမြေဖြစ်နေတယ်လို့ ပြောတယ်။ ငါသိတာက ဘိုးဘွား ပိုင် မြေ၊ ဂရန်မြေ၊ ပါမစ်မြေလို့ပဲ သိ ထားတာ၊ ရွာမြေဆိုတော့ ဥပဒေ အရတရားဝင် သတ်မှတ်ချက်ရှိ သလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။ အဲဒါ ဘယ်လိုကွာသလဲ သူငယ်ချင်း၊ ငါ လည်းနားရှုပ်လာတာနဲ့ မင်းဆီ ရောက်လာတာ'' သူငယ်ချင်းတစ် ဦးက စာရေးသူထံရောက်လာပြီး ဆွေးနွေးပါသည်။
''လွယ်လွယ်နဲ့ ခပ်ရှင်းရှင်း ပြောရရင်တော့ ရွာမြေဆိုတာ လူ နေရပ်ကွက်အတွင်းမှာရှိနေတဲ့ မြေ ကွက်ကို ရွာမြေလို့ လွယ်လွယ်ကူ ကူ ခေါ်လိုက်ကြတာပဲဖြစ်တယ်။ နိုင်ငံတော်က တရားဝင်ချပေးထား တဲ့ မြေအဆင့်တော့ မရောက်သေး ဘူးပေါ့။ ဒါပေမယ့် တစ်နေ့တော့ ဂရန်မြေဖြစ်လာနိုင်တာပေါ့လေ''
''ဝယ်မယ်ဆိုရင်တော့ လူနေ ရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်လို့ နိုင်ငံတော်က ပြန်လည်သိမ်းတာ၊ နှင်တာတွေ မဖြစ်နိုင်ဘူးပေါ့နော်''
''စိတ်ချရတဲ့ သဘောတော့ရှိတာပေါ့ကွာ၊ တရားဝင် နေထိုင်ခွင့်ရနိုင်တဲ့ မြေလိ့ု ပြောရမှာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေအားလုံး ကတော့ နိုင်ငံတော် ပိုင်မြေဖြစ်တယ်။ လူနေမြေမဟုတ်ဘဲနဲ့ လယ်ယာမြေအဖြစ် သတ်မှတ်အ ကျုံးဝင်တဲ့ မြေတွေလည်းရှိသေး တယ်''
''နားလည်အောင် နည်းနည်း ရှင်းပြပါအုံး''
ယခုလက်ရှိ ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေဆို သည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည် ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်း မန်စိုက်ပျိုးသည့် ခြံမြေ၊ မြေနု ကျွန်းမြေဟု သတ်မှတ်သည့် မြေ များကို ဆိုလိုသည်။ ယင်းစကား ရပ်တွင်မြို့နယ်နိမိတ်၊ ကျေးရွာနယ် နမိတ်အတွင်းရှိ လူနေအိမ်ရာ များ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ မပါဝင်ရဟု သတ် မှတ်ထားပါတယ်။ ဒါကြောင့် ဥယျာဉ်ခြံမြေတွေက လယ်ယာမြေ ထဲမှာ ပါဝင်ပြီး လူနေရပ်ကွက်အ တွင်းမှာရှိတဲ့ မြေ၊ ရွာမြေတွေက တော့ လယ်ယာမြေ အမျိုးအစား ထဲမှာ မပါဝင်ဘူး သူငယ်ချင်း''
''လယ်ယာမြေကို အရောင်း အဝယ်လုပ်လို့ မရဘူးဆိုပြီး သိ ထားတယ်။ အဲဒါက ဘယ်လိုအ ခြေအနေလဲ''
''ယခင်ပြဋ္ဌာန်းထားတဲ့ လယ် ယာမြေဥပဒေတွေအရဆိုရင်တော့ လယ်ယာမြေတွေကို လွှဲပြောင်း ရောင်းချလို့ မရဘူး၊ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်က ပြန်လည်ပြဋ္ဌာန်း ထားတဲ့ လယ်ယာမြေဥပဒေမှာ တော့ လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေး ကမ်းခြင်းပြုနိုင်တယ်လို့ ပြဋ္ဌာန်း ထားတယ်၊ အဲဒီအချက်တွေကို ဆောင်ရွက်မယ်ဆိုရင် သက်ဆိုင် ရာမြို့နယ် ကြေးတိုင်နှင့် မြေစာ ရင်း ဦးစီးဌာနရုံးမှာ အရောင်းအ ဝယ် မှတ်ပုံတင် စာချုပ်-ချုပ်ဆို ပြုလုပ်ကြရမှာဖြစ်တယ်။ ဒါပေ မယ့် လူနေလို့တော့ မရဘူး။ လယ် ယာစိုက်ပျိုးရမှာဖြစ်တယ်''
''တချို့လည်း ဥယျာဉ်ခြံမြေ တွေ အရောင်းအဝယ်ဖြစ်နေကြ တာပဲ မဟုတ်လား''
''မြေစာရင်းဌာနမှာ ဥယျာဉ် ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေ တဲ့ မြေကွက်တွေလည်းရှိတယ်။ ဒါ နဲ့ပတ်သက်လို့ သူငယ်ချင်းနား လည်အောင် ရှင်းပြရမယ်ဆိုရင် ဒေါ်ကြည်ကြည် (¤င်း၏ အခွင့်ရ ကိုုယ်စားလှယ် ဦးမင်းဟန်)နှင့် ဦး ကင်စူး (၎င်း၏ အထူးကိုယ်စား လှယ်စာရသူ ဒေါ်ဖြူဖြူဝင်း) ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁ဝ၉ အမှုမှာ အချင်း ဖြစ်မြေ သည် မြေစာရင်းဦးစီးဌာန၌ ဥယျာဉ်ခြံမြေဟု အမည်ပေါက်ဆဲ ဖြစ်သော်လည်း အချင်းဖြစ် မြေကွက် တည်ရှိရာ မော်လမြိုင်မြို့ ဈေးကြို ရပ်ကွက်သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတည်ရှိပြီး၊ လူနေရပ်ကွက်ဖြစ် ကြောင်း သက်သေခံချက်များအ ရ ပေါ်ပေါက်သည်။ ထို့ပြင်ဦးကင်စူးအမည်ဖြင့် စည်ပင်သာယာမှ အိမ်ခွန်စည်းကြပ်ထားသည်ကိုလည်း တွေ့ရသဖြင့် အချင်းဖြစ်မြေ သည် လယ်ယာမြေတွင် အကျုံးမဝင်ဟု ဆုံးဖြတ်ထားတာကို တွေ့ရတယ်။ ဒါကြောင့် မြို့ရွာရပ်ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေတွေ ကတော့ အရောင်းအဝယ်ပြုလုပ် နေကြတာဖြစ်တယ်''
''ပါမစ်မြေဆိုတာက ဘယ်လို အမျိုးအစားထဲပါသလဲ''
''သက်ဆိုင်ရာ အဖွဲ့အစည်း က အိမ်ရာဆောက်လုပ်နေထိုင်ခွင့် အတွက် စာရင်းဝင်အမည်ပေါက် နဲ့ သတ်မှတ်ချပေးထားတဲ့ မြေ ကွက်တွေဖြစ်တယ်။ တစ်နည်း အားဖြင့် အိမ်ရာဆောက်လုပ်နေ ထိုင်ခွင့်လက်မှတ်ထုတ်ပေးထားတာ ပဲဖြစ်တယ်''
''မြေဂရန် လျှောက်လို့ရပါ သလား''
''ပါမစ်မြေတွေကတော့ မြေ ဂရန်လျှောက်လို့ရတယ်။ သူငယ် ချင်း ဝယ်မယ်ပြောတဲ့ ဥယျာဉ်ခြံ မြေတွေကတော့ လူနေရပ်ကွက်အ တွင်းရှိနေပြီးဖြစ်လို့ စီမံချက်နဲ့ ဂရန် တွေ လျှောက်ခွင့်ပြုလာတဲ့အခါမှာ တော့ မြေဂရန်တွေရလာမှာဖြစ် တယ်''
''သူငယ်ချင်းရှင်းပြချက်အရ ဆိုရင်အခု ဝယ်မယ့်မြေကွက်က ရွာမြေဖြစ်ရင်တော့ ပိုဝယ်သင့်တဲ့ သဘောလို့ ပြောရမှာပေါ့''
''ယေဘုယျကြည့်ရင်တော့ ဒီ သဘောပဲလို့ တိုတိုမှတ်ထားလို့ရ တာပေါ့။ ဘာပဲဖြစ်ဖြစ် မြေကွက် ဝယ်မယ်ဆိုရင် မြေစာရင်း ဦးစီးဌာ နကို အရင်စုံစမ်းဖို့လိုမယ်။ လယ် ယာမြေအဖြစ် သတ်မှတ်ထားခြင်း ရှိ မရှိ ဦးစွာစုံစမ်းရမယ်။ မြေစာ ရင်း ဦးစီးဌာနမှာ ဝယ်မယ့် မြေ ကွက်အနေနဲ့ မြို့ရွာ ရပ်ကွက်အ တွင်းရှိမြို့ မြေစာရင်းထဲမှာ ပါနေပြီ ဆိုရင်တော့ ဝယ်သင့်တယ်လို့ပဲ ပြောရမှာပဲ''
''မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေထဲပါနေရင်တော့ မဝယ်တာ ပိုကောင်းမယ် ထင် တယ်''
''မြို့နယ် မြေစာရင်းဦးစီးဌာန မှာ လယ်ယာမြေစာရင်းထဲ ပါနေ တယ်ဆိုပေမယ့် မြို့နယ်စည်ပင် သာယာရေး ကော်မတီရုံးမှာ ဝယ် မယ့်မြေကွက်ဟာ ရပ်ကွက်အ တွင်းရှိနေပြီးဟုတ်မဟုတ် စုံစမ်းလို့ မြို့နယ်ရပ်ကွက်အတွင်းရှိပြီး အ ဆောက်အအုံပါရှိမယ်ဆိုရင်တော့ ဝယ်သင့်တဲ့ မြေနဲ့ အိမ်လို့ပဲ အ ကြံပေးချင်တယ် သူငယ်ချင်း''ဟု ဆွေးနွေးအကြံပြုလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties