By Sint Sint, Shweproperty.com
Updated at 7 October 2020
ရန်ကုန်မြို့ရှိ တိုက်ခန်း ၊ အဆောက်အအုံမှာနေထိုင်သူအများစုသည် မိမိပိုင်ဆိုင်သည့် ဧရိယာ နယ်နမိတ်ကိုကျော်၍ မီးဖိုချောင်ချဲ့ခြင်း ၊ အဖီဆွဲခြင်း စသဖြင့်အဆောက်အအုံများဆောက်လုပ်ကြသည်။
ထိုသို့ ဆောက်လုပ်သည့်အခါ စည်ပင်သာယာရေးဥပဒေနှင့် ညီမညီ သိထားရန်လိုအပ်ပါသည်။ဆောက်လုပ်ထားသူများကလည်း စည်ပင်သာယာရေးဥပဒေ အခန်း(၆) ကျူးကျော်ခွန်ကောက်ခံခြင်းဆိုင်ရာ ဥပဒေနှင့် ပုဒ်မများကို လေ့လားသင့်သည်။
စည်ပင်သာယာရေးဥပဒေ အခန်း(၆) ကျူးကျော်ခွန်ကောက်ခံခြင်းဆိုင်ရာဥပဒေ
၇၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ကျူးကျော် ဆောက်လုပ် ထားပြီးဖြစ်သော စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓာတ်ဆီဆိုင်၊ ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီမဏ္ဍပ် သို့မဟုတ် အခြား အဆောက်အအုံတစ်ခုခုကို ကျူးကျော်ခွန်ကောက်ခံရယူပြီး ဆက်လက်တည်ရှိခွင့် ပြုနိုင်သည်။လိုအပ်ပါက ပြန်လည် ဖျက်သိမ်းရန် ညွှန်ကြားနိုင်သည်။
၇၃။ နည်းဥပဒေ ၇၂ ပါ ကျူးကျော်အဆောက်အအုံ တစ်ခုခုကို မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ဆောက်လုပ်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။
၇၄။ ကော်မတီသည် နည်းဥပဒေ ၇၃ အရ ကျူးကျော်ခွန်ကောက်ခံရာတွင် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် အစိတ်အပိုင်း၏ ထုထည် သို့မဟုတ် ဧရိယာပေါ်မူတည်၍တွက်ချက်ရမည်။
၇၅။ ကော်မတီသည်-
(က) အဆောက်အအုံများဆောက်လုပ်ရာတွင် သုံးစွဲသည့်ဆောက်လုပ်ရေးပစ္စည်းများကိုကော်မတီပိုင်လမ်းပေါ်တွင် စုပုံထား ရန် ယာယီအစီအစဉ်ဖြင့် စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ခ) နည်းဥပဒေခွဲ (က) အရ ခွင့်ပြုရာတွင် လမ်းသွားလမ်းလာတို့၏ သွားလာမှုကို မထိခိုက်စေရန် ယာဉ်သွား လမ်း၊ လမ်းပခုံးသား၊ ပလက်ဖောင်း၊ ရေမြောင်းတို့၏အကျယ်အဝန်းကို စိစစ်ပြီး အတိုင်းအတာသတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ဂ) နည်းဥပဒေခွဲ (က) အရ ခွင့်ပြုရာတွင် ခွင့်ပြုသည့်ကာလကို တစ်ပါတည်း သတ်မှတ်နိုင်သည်။
(ဃ) သတ်မှတ်သည့်ခွင့် ပြုကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းမပြီးသေးပါက ဆောက်လုပ်ရေးပစ္စည်းများ စုပုံခွင့်ကို စည်းကမ်းချက်များသတ်မှတ်၍ ကာလတိုးမြှင့်ပေးနိုင်သည်။
၇၆။ နည်းဥပဒေ ၇၅၊ နည်းဥပဒေခွဲ (က) အရ ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ကို အများပြည်သူမြင်နိုင်စေရန် ဆောက်လုပ်ရေးပစ္စည်းစုပုံသည့်နေရာတွင် ခွင့်ပြုသည့်ကာလနှင့် ခွင့်ပြုသည့်အကျယ်အဝန်း၊ အတိုင်းအတာကို ဖော်ပြ ချိတ်ဆွဲထားရှိရမည်။
၇၇။ ကော်မတီသည်-
(က) ကော်မတီပိုင် လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်း စုပုံကျူးကျော်ခွန်ကို ဧရိယာအပေါ်အခြေခံ၍ စည်းကြပ် ကောက်ခံ နိုင်သည်။
(ခ) ဆောက်လုပ်ရေးပစ္စည်း စုပုံကျူးကျော်သည့် အချိန်ကာလအပေါ်မူတည်ပြီး ကျူးကျော်ခွန်ကို တိုးမြှင့် စည်းကြပ် ကောက်ခံနိုင်သည်။
(ဂ) လိုအပ်ပါက စုပုံကျူးကျော်ခွင့်ကို ပြန်လည်ပယ်ဖျက်နိုင်သည်။စသည့်ဥပဒေပုဒ်မများဖော်ပြထားသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်
သင့်အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ
လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာ အညံ့ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်တို့အရပ်
အိမ်ဆောက်သင့်တဲ့ မြေကွက်အနေအထား
Written By : Shwe Kyaw (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties