By စည်သူလင်းလက်, Shweproperty.com
Updated at 22 February 2017
ရန်ကုန်မြို့ပြရဲ့ မွန်းကြပ်မှုတွေ၊ အလုပ်တာဝန်တွေနဲ့ဖိစီးနေတဲ့ မိသားစုတွေအတွက် နွေရာသီအားလပ်ရက်အနားယူအပန်းဖြေနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ရှိနေပါတယ်။ iGreen ကတည်ဆောက်မယ့် ငွေဆောင်ကမ်းခြေက La Villa ပါပဲ။ ပြာလဲ့လဲ့ပင်လယ်ပြင်နဲ့ သဲဖြူဖွေးဖွေးလေးတွေရှိတဲ့ ငွေဆောင်ကမ်းခြေကို လူတိုင်းက နှစ်သက်ကြပါတယ်။ သဘာဝဆန်တဲ့ အလှတရား၊ ဂုဏ်ယူစရာ မြန်မာ့ကမ်းခြေတစ်ခုအဖြစ် မြတ်နိုးတန်ဖိုးထားကြပါတယ်။ ရန်ကုန်မြို့ကနေ ၆နာရီခရီးကားမောင်းရတဲ့ ငွေဆောင်ကမ်းခြေက သိပ်မဝေးလှတာတော့အမှန်ပါပဲ။
La Villa ရဲ့အရောင်းပြပွဲကို ဖေဖော်ဝါရီ ၂၅ရက်နေ့နဲ့ ၂၆ရက်နေ့တွေမှာ People Park Myanmar Culture မှာကျင်းပသွားမှာဖြစ်ပါတယ်။ iGreen ရဲ့ ထုံးစံအတိုင်း အများဆုံးအရစ်ကျငွေပေးခြေမှုစနစ်တွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ပွဲကာလမှာ ဝယ်ယူဖို့ စရံငွေ ၉သိန်းပေးချေရုံနဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ငွေပေးချေမှုအနေနဲ့ စာချုပ်ချုပ်ချိန်မှာ ၅ရာခိုင်နှုန်း၊ တည်ဆောက်ဆဲကာလမှာ တစ်လကို ၂ရာခိုင်နှုန်း နဲ့ ၁၄ လ၊ သော့လက်ခံတဲ့အချိန်မှာ ၁၇ရာခိုင်နှုန်း၊ သော့လက်ခံပြီးနောက်ပိုင်း တစ်လကို ၂ရာခိုင်နှုန်းနဲ့ ၂၅လ ပေးချေရမှာဖြစ်ပါတယ်။ စာချုပ်ချုပ်ချိန်မှစလို့ သေ့ာအပ်ချိန်အထိ ၅၀%ပေးချေပြီး သွားရောက်အပန်းဖြေအနားယူနိုင်ပြီဖြစ်ပါတယ်။ အထူးလက်ဆောင်အနေနဲ့ ပထမဆုံးလာရောက်ဝယ်ယူတဲ့ အယောက်၃၀ ကို မီးစက်နဲ့ လေအေးပေးစက် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဂရန်အမည်ပေါက်နဲ့ ဝယ်ယူနိုင်မှာဖြစ်တာကြောင့် အမြန်ဆုံးလာရောက်ဝယ်ယူနိုင်မှစိတ်ချရမှာပါ။
La Villa ကို ငွေဆောင်ကမ်းခြေရဲ့ အလှဆုံးနေရာတစ်ခုဖြစ်တဲ့ ချစ်သူများကျွန်းနဲ့ မနီးမဝေးမှာ တည်ဆောက်မှာဖြစ်ပါတယ်။ ကမ်းခြေကိုမျက်နှာမူထားတဲ့ Sea View Plots တွေနဲ့ Normal Plots တွေကိုအကောင်းဆုံး၊ ခေတ်အမှီဆုံးဒီဇိုင်းတွေနဲ့တည်ဆောက်ထားတာတွေ့ရပါတယ်။ လုံခြုံစိတ်ချပြီး စုစုစည်းစည်းဖြစ်တဲ့ မြို့ငယ်လေးတစ်ခုလိုဖြစ်နေတာကြောင့် ခေတ်မှီပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အိမ်လေးတစ်လုံးပိုင်ဆိုင်ရတာပါပဲ။ မနိမ့်မမြင့် တောင်ကုန်းလေးလို မြေမျက်နှာသွင်ပြင်မှာ တည်ဆောက်ထားတာကြောင့် မိမိတို့ရဲ့ အိမ်လေးကပိုလို့လှပနေမှာပါ။ ကားရပ်နားရန်နေရာ၊ လုံခြံရေးစနစ်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓါတ်အားပေးဝေမှုစနစ်၊ အိမ်အတွင်းအပြင်အလှဆင်ခြင်းတွေကို အကောင်းဆုံးစနစ်တွေနဲ့တည်ဆောက်ပေးထားပါတယ်။
မနက်မိုးလင်းလို့ မိမိပိုင်ဆိုင်တဲ့ ခေတ်မှီဒီဇိုင်းနဲ့တည်ဆောက်ထားတဲ့အိမ်ကလေးမှာ မိသားစုနဲ့အတူမနက်စာစား၊ အိမ်တံခါးကိုဖွင့်လိုက်ရင် လပ်ဆတ်တဲ့ပင်လယ်လေက ကြိုဆိုနေပါတယ်။
အိမ်ကထွက်ပြီး ချစ်သူများကျွန်းနဘေးကကျောက်ဆောင်လေးတွေကြားသွားလာပျော်ရွှင်ရင်း အကောင်းဆုံးအချိန်လေးတွေဖန်တီးကြပါမယ်။ နေ့လည်ခင်း အိမ်ရှေ့ခုံတန်းလေးကနေ ပင်လည်ပြင်ကြီးကိုကြည့်ရင် ပင်လည်စာအစားအစာတွေနဲ့ အကောင်းဆုံးနေ့လည်စာကိုဖန်တီးနိုင်ပါလိမ့်မယ်။ ညနေခင်းမှာတော့ ပင်လယ်ပြင်ကြီးထဲ ငုတ်လျိုးဝင်ရောက်သွားမယ့် နေလုံးနီနီကြီးကိုကြည့်ရင် တစ်နေ့တာကိုပျော်ရွှင်လှပစွာကုန်ဆုံးနိုင်ပါပြီ။ သဘာဝတရားနဲ့ အတူတွဲနေတဲ့ ပျော်ရွှင်လှပတဲ့အချိန်တွေကို မိမိတို့ပိုင်ဆိုင်တဲ့ အိမ်လေးမှာ ဖန်တီးနိုင်ဖို့ iGreen ကတည်ဆောက်တဲ့ La Villa မှာအမြန်ဆုံးလာရောက်ဝယ်ယူဖို့တိုက်တွန်းလိုက်ပါတယ်။
Written By : စည်သူလင်းလက် (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
Photo Credit : iGREEN Development & Engineering Group
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties