By စည်သူလင်းလက်, Shweproperty.com
Updated at 18 January 2017
ပြောင်းလဲလာတဲ့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေရောင်းချမှုပုံစံတွေက ကာလအတန်ကြာအေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို လှုပ်နှိုးလိုက်သလိုပါပဲ။ အခြေခံလူတန်းစားတွေနဲ့ ဝန်ထမ်းတွေများပြားတဲ့ ရန်ကုန်လူ့အဖွဲ့အစည်းမှာအိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆိုတာက အိပ်မက်တစ်ခုမက်ရသလို စမ်းတဝါးဝါးနိုင်လှပါတယ်။ ဒီလိုအခြေအနေမှာ အိမ်ငှားခတန်ဖိုးသာသာ ငွေပေးချေမှုနှုန်းနဲ့ နှစ်တချို့ပေးသွင်းလိုက်ရင် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်သွားနိုင်မယ်ဆိုရင် အလတ်တန်းစား ဝန်ထမ်းတွေအဖို့ လစာကိုကြိုးစားစုပြီး အခန်းတစ်ခုဝယ်ယူ နိုင်ပါလိမ့်မယ်။ အိပ်မက်တွေအမှန်ဖြစ်နိုင်ပြီပေါ့။
ဇန်နဝါရီ ၂၁ နဲ့ ၂၂ရက်တွေမှာ i GREEN Development & Engineering Group က ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ် မှာရှိတဲ့ Myanmar Culture ပြုလုပ်မယ့် အိမ်ခြံမြေအရောင်းပြပွဲမှာလည်း သော့အပ်ပြီး လ ၁၀၀ ငွေပေးချေမှုပုံစံ နဲ့ အိမ်ခန်းတွေကိုရောင်းချပေး သွားဦးမှာဖြစ်ပါတယ်။ အခန်းတန်ဖိုးရဲ့ ၃၅% ပေးချေပြီးသွားရင် မိမိတို့ဝယ်ယူထားတဲ့ အခန်းလေးမှာ နေထိုင်နိုင်ပြီဖြစ်ပြီး ကျန်တဲ့ ၆၅% ကို တစ်လ ၁၀သိန်းနှုန်းနဲ့ လ၁၀၀ အတိုးမဲ့ ပေးချေသွားနိုင်မယ့် စနစ်တစ်ခုဖြစ်ပါတယ်။
iGreen မှ တာဝန်ယူတည်ဆောက်ပေးထားတဲ့ စီမံကိန်း ၁၉ခုမှာရှိတဲ့ အခန်းပေါင်း ၅၀၀ ကျော်ကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ ရန်ကင်း၊ ငွေဆောင်၊ သင်္ကန်းကျွန်းမြို့နယ်တွေမှာရှိတဲ့ စီမံကိန်းတွေကိုရောင်း ချပေးမှာဖြစ် ပါတယ်။ အထူးလက်ဆောင်အနေနဲ့ ပထမဆုံးဝယ်ယူတဲ့ အခန်း၃၀အတွက် ပါကေးခင်းပေးခြင်းနဲ့ Air Con တပ်ဆင်ပေးခြင်းကို လက်ဆောင် အဖြစ် ထည့်သွင်းဆောင်ရွက်ပေးသွားမှာပါ။
တိုက်ခန်း၊ လုံးချင်းအိမ်၊ Condo အမျိုးအစားစုံလင်စွာရောင်းချပေးသွားမယ့် အထူးအရောင်းပြပွဲကြီး တစ်ခုဖြစ်ပါတယ်။ iGreen ရဲ့ ထုံးစံ အတိုင်း အရည်အသွေးကောင်းမွန်တဲ့ ဆောက်လုပ်ရေးပစ္စည်းများ၊ ခေတ်မှီ ဗိသုကာလက်ရာဒီဇိုင်းများ၊ နေထိုင်သူတွေ စိတ်ချလုံခြုံမှုရှိစေဖို့ ငလျှင်ဒဏ်၊ မုန်တိုင်းဒါဏ် ခံနိုင်အောင် တွက်ချက်ပေးထားတဲ့ Structure ဒီဇိုင်းများနဲ့ ဆောက်လုပ်ထားတဲ့ ပြည့်စုံတဲ့ စီမံကိန်းများဖြစ် လို့နေပါတယ်။
ရောင်းချပေးမယ့်အိမ်ရာစီမံကိန်းများရဲ့ တည်နေရာကိုကြည့်လိုက်ရင်လည်း စီးပွားရေးအရအချက် အခြာကျတဲ့နေရာများ၊ မိသားစုတွေ အတွက် ပညာရေး၊ ကျန်းမာရေး၊ ဈေးဝယ်ထွက်ဖို့၊ အနားယူဖို့ သင့်တော်ကောင်းမွန်တဲ့နေရာများ၊ ကားရပ်နားဖို့၊ ရုံးခန်းဖွင့်လှစ်ဖို့ ဆက်သွယ်ရေးကောင်းမွန်တဲ့နေရာများ ဖြစ်နေတာကြောင့် MEGA PROMOTION အရောင်းပြပွဲမှာဝယ်ယူခြင်းက အနာဂတ်အတွက်မှန်ကန်တဲ့ ရင်းနှီးမြှုတ်နှံမှုတစ်ခုဖြစ်စေပါလိမ့်မယ်။
သင့်တော်တဲ့ဈေးနှုန်း၊ အားလုံးအတွက်အဆင်ပြေအောင်ဆောင်ရွက်ပေးထားတဲ့ ငွေပေးချေမှုစနစ် နဲ့ အရည်အသွေးမြင့် အိမ်ရာတွေဝယ် ယူနိုင်ဖို့ ၂၁ရက်နဲ့ ၂၂ရက်တွေမှာကျင်းပသွားမယ့် iGreen ရဲ့ MEGA PROMOTION အရောင်းပြပွဲကို သွားရောက်လေ့လာဖို့ အကြံပြုလိုက် ရကြောင်းပါဗျာ။
အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည့် အထူးအိမ်ရာ အရောင်းပြပွဲကို အသေးစိတ်လေ့လာရန်
ဆက်သွယ်ရန်ဖုန်းနံပါတ် => 09-73098832, 09-254882388, 09-49270101, 09-31031964,
01-655685, 01-652507
*** ပြပွဲအစီအစဉ် *** ရောင်းချမည့်နေ့ရက် - ဇန်နဝါရီ (21) မှ (22) ရက် ၊ 2017 ရောင်းချမည့်အချိန် - မနက် ၉ နာရီမှ ၅ နာရီ ရောင်းချမည့်နေရာ - People Park Myanmar Culture ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရားအနောက်မုဒ်ရှေ့
Written By : စည်သူလင်းလက် (Shwe Property.com)
Photo Credit : iGREEN Development & Engineering Group
Posted By : Wai Phyoe(Shwe Property.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties