By ဝိုင်းနဒ္ဒီထွန်း (ShweProperty.com), Shweproperty.com
Updated at 20 August 2019
(၂၀၁၇ - ၂၀၁၈) ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်လျာထားချက်တွေအနက် ရာနှုန်းပြည့်လုံးဝ အကောင်အထည်မဖော်နိုင်တဲ့ စီမံကိန်း(၁၁)ခုနဲ့ (၅၀)ရာခိုင်နှုန်းအောက်သာ အကောင်အထည်ဖော်နိုင်တဲ့ စီမံကိန်း (၁၅)ခု၊ စီမံကိန်းစုစုပေါင်း (၂၆)ခုု ရှိတယ်လို့ အုတ်တွင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးဌာနတွေရဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းများ မူလလျာထားချက်တွေအတိုင်း ရည်မှန်းချက် ပြည့်မီစွာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေတွေများစွာ နစ်နာတယ်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
သတ်မှတ်ကာလအတွင်း မူ လရည်မှန်းချက်အတိုင်း စီမံကိန်း များ ပြီးစီးအောင်ဆောင်ရွက်နိုင် ခြင်းမရှိတဲ့ ဌာနတွေကို ပညာပေးခြင်း ထိထိရောက်ရောက် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ မလျော် သြဇာသုံးခြင်းများ၊ အဂတိလိုက် စားမှုများ လျော့နည်းပပျောက် သွားမှာဖြစ်ကြောင်း ဒေါ်ချိုချိုက ထောက်ပြခဲ့ပါတယ်။
သြဂုတ်လ(၁၅)ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာခန့်မှန်းငွေစာရင်းနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ဆွေးနွေးရာမှာ ထောက်ပြခဲ့ခြင်း ဖြစ်ပါတယ်။
Written By : ဝိုင်းနဒ္ဒီထွန်း (ShweProperty.com)
Photo Credit : Yangonlife
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties