By Lily, Shweproperty.com
Updated at 11 July 2022
လေထုညစ်ညမ်းခြင်း ဆိုတာဟာ နေအိမ်ပြင်ပမှာသာ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ကိုယ့်အိမ်တွင်း၊ အခန်းတွင်းမှာလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ အပြင်က ပြန်ရောက်ရောက်ချင်း အခန်းထဲဝင်လိုက်တာနဲ့ နှာခေါင်းထဲမှာ ချဉ်စူးစူး ( သို့ ) စိုထိုင်းထိုင်း အနံ့အသက်တွေ ရတတ်ပေမယ့် အိမ်ထဲမှာ အနေကြာတဲ့အခါ ဒီအနံ့တွေက ယဉ်သလို ဖြစ်သွားတတ်ပြီး အခန်းတွင်းလေထု သန့်ရှင်းတယ်လို့သာ ထင်မှတ်တတ်ကြပါတယ်။ Aircon ဖွင့်တဲ့အခါမှာလည်း အနံ့အသက်တွေ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် မသန့်ရှင်းတဲ့ လေထုကိုသာ ရှုရှိုက်နေမယ်ဆိုရင် အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက် ဖြစ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ မြို့ပြဧရိယာတွေမှာဆိုရင် ဒီပြဿနာနဲ့ အမြဲရင်ဆိုင်ရလေ့ ရှိပါတယ်။ အပြင်ပတ်ဝန်းကျင်မှာတော့ စက်ရုံတွေ၊ ကား၊ ဆိုင်ကယ် စတဲ့ယာဉ်တွေမှ ထွက်တဲ့ အငွေ့တွေဟာ လေထုညစ်ညမ်းမှုရဲ့ အဓိကတရားခံတွေ ဖြစ်ပေမယ့် နေအိမ်တွင်းမှာတော့ ဘယ်အရာတွေက လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်လဲ၊ အခန်းတွင်း လေထုညစ်ညမ်းမှု မဖြစ်ရအောင် ဘာတွေ လုပ်နိုင်မလဲ ဆိုတာကို အောက်မှာ လေ့လာကြည့်လိုက်ရအောင် - လေထုညစ်ညမ်းစေတဲ့ အရာများ - ခြင်ဆေးခွေ - ဆေးလိပ်ငွေ့ - ခြင်ဖြန်းဆေး - Air Freshener - စိုထိုင်းထိုင်း အဝတ်အစားများ - မလျှော်တာ ကြာပြီဖြစ်တဲ့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးများ လေထုညစ်ညမ်းမှု မဖြစ်ရအောင် လုပ်နိုင်တဲ့ အရာများ - အခန်းတွင်း သစ်ပင်စိုက်ခြင်း သစ်ပင်လေးတွေဟာ အောက်စီဂျင်ကို ထုတ်လွှတ်ပေးတာကြောင့် အခန်းတွင်း လေထုကို သန့်စင်စေပါတယ်။ - အိပ်ယာခင်းများ မှန်မှန်လျှော်ခြင်း အိပ်ယာခင်းတွေဟာ လူရဲ့ ချွေး၊ သရေနဲ့ ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့ အခြားသောအရည်တွေ စွန်းထင်းနေနိုင်တာကြောင့် တစ်ပတ် တစ်ခါ ( သို့ ) နှစ်ပတ် တစ်ခါ လျှော်ဖွတ်သင့်ပါတယ်။ မိုးရာသီမှာ စိုထိုင်းစလည်း ရှိနိုင်တာကြောင့် အိပ်ယာခင်း၊ ခေါင်းအုံးစွပ် စတာတို့ကို အပို နှစ်စုံ၊ သုံးစုံခန့် ထားရှိသင့်ပါတယ်။ - ပြတင်းပေါက်တွေ ဖွင့်ထားခြင်း လေဝင်လေထွက်ကောင်းမွန်ပြီး ဘက်တီးရီးယားတွေ သေစေနိုင်ဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားသင့်ပါတယ်။ - လေသန့်စင်စက် တပ်ဆင်ခြင်း သင်ဟာ တိုက်ခန်း၊ ပြတင်းပေါက်များများမရှိတဲ့ တိုက်ခန်းမှာ နေထိုင်သူဆိုရင် လေသန့်စင်စက် မဖြစ်မနေ တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် အခန်းတွင်း လေထုညစ်ညမ်းမှု ပြဿနာတွေကို ရှင်းလင်းပြီးသားဖြစ်လို့ ကျန်းမာပျော်ရွှင်တဲ့ နေအိမ်ငယ်လေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်သန့်ရှင်းရေးလုပ်ရုံနဲ့ အံ့သြစရာကောင်းအောင်ရရှိမယ့် အကျိုးကျေးဇူး (၆) မျိုး အိမ်မှာ ဆေးဝါးတွေဆောင်ထားမယ်ဆိုရင် ဒီအချက်တွေကို အရင်လေ့လာပါ အဲကွန်း မသုံးပဲ မိမိအိမ်ကို အပူဒဏ်သက်သာအောင် ပြုလုပ်နည်း(၄) မျိုး အိမ်တွင်းမှာ အသက်ရှူပြဿနာတွေ ကင်းဝေးစေဖို့ Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties