By Aye Sandar, Shweproperty.com
Updated at 5 February 2021
မိမိအိမ်ဝန်းကျင်ကို ပုံမှန်သန့်ရှင်းရေး မပြုလုပ်ပါက မထင်ထားမိတဲ့ ဆိုးဝါးသောကျန်းမာရေး ပြဿနာများကြုံတွေ့ရနိုင်သည်။ သို့ဖြစ်ပါ၍ အိမ်သားတိုင်းကျန်းမာဘေးကင်းစေဖို့ သတိထားရမည့် အချက် ၃ချက်ကို ပြောပြပေးသွားပါမည်။ ၁။ ပင့်ကူမျှင်နဲ့ ဖုန်များ အိမ်ထဲမှာ ပင့်ကူမျှင်နဲ့ဖုန်တွေများလာတဲ့အခါ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများဖြစ်လာနိုင်တဲ့အတွက် သတိထားဖို့ အရမ်းအရေးကြီးပါသည်။ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူမဝဖြစ်ခြင်းစတာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်မတည့်ခြင်းနဲ့ အရေပြားရောဂါတွေသည်လည်း မသန့်ရှင်းတဲ့ ဖုန်မှုန့်များမှတစ်ဆင့် အရင်းခံပေါ်လာခြင်းဖြစ်ပါသည်။ ၂။ မီးဖို၊ရေပူ၊ရေအေးစက်၊အဝတ်အခြောက်ခံစက်များ အိမ်ထဲကအသုံးအဆောင်တွေထဲမှာ မီးဖို၊ရေပူ၊ရေအေးစက်၊ အဝတ်အခြောက်ခံစက်တွေကနေ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေထုတ်လွှတ်သည်ဟုဆိုသည်။ ဒါကြောင့် အဆိုပါပစ္စည်းများကို အသုံးပြုပြီး အိမ်ကိုလုံနေအောင်ပိတ်ထားမယ်ဆိုရင် အိမ်ထဲမှာ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များ အိမ်တွင်းမှာစုဝေးလာပြီး ခေါင်းမူးခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း၊ မလန်းဆန်းခြင်းစတာတွေ ဖြစ်စေနိုင်ပါတယ်။ သို့ဖြစ်ပါ၍ အသုံးပြုနေတဲ့အခါမှာရော၊ အသုံးပြုပြီးတဲ့အခါတွေမှာပါ အိမ်ထဲကို လေဝင်လေထွက်ကောင်းအောင်လုပ်ပေးဖို့လိုပါမည်။ ၃ ။ စိုထိုင်းမှု အိမ်အတွင်းမှာ စိုထိုင်းနေတာက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုတွေကိုပေါက်ဖွားစေပြီး ကျန်းမာရေးပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။ စိုထိုင်းတဲ့နေရာတွေမှာဖြစ်လာတဲ့ မှိုတွေက ၂၄ နာရီအတွင်းမှာ မယုံနိုင်လောက်အောင်ပြန့်ပွားနှုန်းမြန်းသည်ဟု သိရှိရသည်။ အဆိုပါမှိုပျံ့နှံမှုများလာသည်နှင့်တပြိုင်နက် ပန်းနာ ရင်ကျပ်ရောဂါ၊ ဓာတ်မတည့်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်စေတက်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ တတ်နိုင်သလောက် ခြောက်သွေ့နေအောင်ထားဖို့၊ အထူးသဖြင့် မီးဖိုချောင်၊ ရေချိုးခန်း၊အိမ်သာတွေကို အမြဲတမ်းစိုစိုစွတ်စွတ် ဖြစ်မနေအောင်ထားဖို့ရာလိုပါတယ်။ အဝတ်စိုစိုတွေကို နေမလှန်းဘဲ၊ စိုစိုထိုင်းထိုင်းတွေ အထူးသဖြင့် အတွင်းခံများကို မဝတ်ဆင်ဖို့ သတိပေးကြခြင်းဖြစ်သည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ သင့်ရဲ့ အိပ်ယာမျက်နှာမူပုံနဲ့ ကျန်းမာရေးဆက်စပ်နေပုံ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties