By Sint Sint, Shweproperty.com
Updated at 19 January 2021
အခုအချိန်မှာ အရမ်းကိုတိုးတက်ပြီး ခေတ်မီနေတဲ့အချိန်အခါဆိုပေမယ့် တချို့နေရာတွေမှာ ရှေးကျတဲ့အရာတွေက ပိုပြီးအသုံးဝင်နေတုန်းပါ။ ဒါကြောင့် အိမ်မှာ အဆိုးအညံ့တွေဖြစ်နေတာတွေကို ပျောက်စေပြီး ကံကောင်းခြင်းကိုဖြစ်စေဖို့ ရှေးခေတ်ကတည်းက သုံးခဲ့ကြပြီး အခုထိလည်း အသုံးဝင်နေတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ (၁) အိမ်ကိုသန့်သန့်ရှင်းရှင်းထားပါ ရှုပ်ပွညစ်ပတ်နေတဲ့ အိမ်ထဲမှာ ကံကောင်းခြင်းတွေကြာကြာမနေနိုင်ဘူးလို့ ယူဆကြတာကြောင့် အိမ်ကို သန့်သန့်ရှင်းရှင်း ထားပါ။ အိမ်လေးက သန့်ရှင်းသပ်ရပ်နေတဲ့အခါ စိတ်ကိုကြည်လင်စေပြီး အိမ်ထဲမှာ အဆိုးအညံ့တွေ ခိုအောင်းမနေတော့ပါဘူး။ (၂) အပင်လေးတွေနဲ့အလှဆင်ပါ အပင်လေးတွေက အောက်စီဂျင်ထုတ်ပေးနိုင်တဲ့ သက်ရှိလေးတွေဖြစ်တာကြောင့် သင့်အိမ်လေးထဲက ပတ်ဝန်းကျင်ကို သက်ရှိတွေရှိနေတဲ့ ပတ်ဝန်းကျင်လေးဖြစ်စေပါတယ်။ အိမ်ထဲမှာ ပန်းအတု၊ သစ်သီးအတုတွေထားတာက အိမ်ထဲက ပတ်ဝန်းကျင်ကို ခြောက်သွေ့စေတာကြောင့် အဲ့ဒါတွေ မထားဘဲ တကယ့်အပင်လေးတွေ၊ သစ်သီးလေးတွေကိုပဲ ထားသင့်ပါတယ်။ (၃) ရေပိုက်ခေါင်းကရေကျနေတာမျိုး မဖြစ်ပါစေနဲ့ ရှေးအယူအဆတစ်ခုက ရေပိုက်ခေါင်းက ရေတွေ အဆက်မပြတ်ကျနေတာကို မပြင်ဘဲ ထားရင် အိမ်ထဲကနေ ငွေတွေ ဆက်တိုက်ထွက်တတ်တယ်ဆိုတဲ့ အယူအဆရှိပါတယ်။ ဒါကြောင့် ရေပိုက်ခေါင်းက ရေတွေကျနေရင် ချက်ချင်းပြင်ပါ။ (၄) ငွေကြေးနဲ့ပတ်သက်လို့ မငြီးငြူပါနဲ့ ငွေကြေးနဲ့ပတ်သက်လို့ ငြီးငြူနေတာက စကားနောက်တရားပါဖြစ်ပြီး ငွေကြေးတကယ်အဆင်မပြေဖြစ်တတ်တယ်လို့ ယူဆကြတာကြောင့် အဲ့လို ငြီးငြူတတ်တဲ့အကျင့်ရှိရင် ပြင်လိုက်ပါနော်။ (၅) ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေမပြောပါနဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေပြောတဲ့အခါ လာဘ်တိတ်စေပါတယ်။ ဒါကြောင့် အိမ်ထဲမှာ အဆိုးအညံ့တွေဖြစ်နေရင် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေပြောမိနေလားဆိုတာ ပြန်စဉ်းစားကြည့်ပါ၊ ပြောမိနေရင် နောက်မပြောမိအောင်သတိထားပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ် အိမ်တွင်းမှာ မထားသင့်တဲ့ စီးပွားရေးကျဆင်းစေပြီး ကံဆိုးစေတဲ့အရာ (၆) မျိုး သင့်ဇာတာမှာ ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ အိမ်မှာထားရင် ကံကောင်းခြင်းတွေ ရောက်လာစေတဲ့ ပစ္စည်း ၇ မျိုး Credit : Aunty May Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties