By Sint Sint, Shweproperty.com
Updated at 22 November 2020
Unicode
ဒီဖက်ခေတ်မှာ အိမ်တွင်းနဲ့ အိပ်ခန်းတွင်း အလှဆင်ဖို့အတွက် လူတွေက အပင်ငယ်လေးတွေကို အိမ်ထဲမှာ စိုက်ပျိုးလာကြပါတယ်။
အိပ်ခန်းတွေထဲမှာဆိုရင်လည်း သစ်ပင်က ထုတ်ပေးတဲ့ အောက်စီဂျင်ရဖို့ရယ် မျက်စေ့ပသာဒကျဖို့ အတွက်ရယ်အတွက် အပင်လေးတွေကို စိုက်ပျိုးကြပါတယ်။
သစ်ပင်စိုက်တိုင်း ကောင်းလားဆိုရင် ကောင်းတာတွေ ရှိသလို မကောင်းတာတွေ လည်းရှိ ပါတယ်။ မြန်မာ့အယူအဆအရဆိုရင် အထူးသဖြင့် ဂမုန်းပင်တွေကိုစိုက်တဲ့ အခါမှာ အထူးသတိ ထားရပါတယ်။
အခုဆိုရင် မလေးရှား ဓာတုဗေဒပညာရှင် တစ်ဦးက ဆင်စွယ်ဂမုန်း အနွယ်ဝင် နဂါးစက်ဂမုန်းကို အိမ်တွင်းမှာ စိုက်ပျိုးမိပါက ကျန်းမာရေးအန္တရာယ်ကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံနည်းကျ ဆိုလာပါတယ်။
ဗိုင်းရက်ပိုး အချို့ကို ပြန့်နှံ့စေတတ်လို့ မလေးသိပ္ပံ ပညာရှင်တွေက ဆိုရှယ်မီဒီယာပေါ်မှာ အိမ်တွင်းအလှမဆင်သင့်တဲ့ အပင်မျိုးစိတ်တွေကို အမြဲလို ထုတ်လွှတ်ကြေညာပေးနေပါတယ်။ သိပ္ပံနာမည်အရ Sansevieria spp လို့ ခေါ်ပါတယ်။
အိမ်တွင်အလှပင် စိုက်တာနဲ့ပတ်သက်ပြီး ဘယ်အပင်တွေ စိုက်သင့်တယ် ဘယ်အပင်တွေက မစိုက်သင့်ဘူးဆိုတာ ဟိုးအရင် ကတည်းက ရှိပါတယ်။
ဒါကို ဒီဖက်ခေတ်ရောက်တော့ ရှေးထုံးဆိုတာကို အလေးမထားတော့ဘဲ မျက်စေ့ ပသာဒကျမယ့် အပင်အတွဲအစပ်တွေကို ယှဉ်တွဲပြီး စိုက်ကျတော့တာပါပဲ။
သူတို့ကတော့ အယူအဆဟောင်းတွေဆိုပြီး အပြစ်တောင် တင်လိုက်ကြပါသေးတယ်။ ဆင်စွယ်ဂမုန်း အနွယ်ဝင် ဂမုန်းတွေက အိမ်တွင်းမှာ စိုက်ပျိုးရင် အနုဇီဝကောင်တွေကို ပြန့်စေတတ်လို့ ကျန်းမာရေးကို ထိခိုက်လာနိုင်စေတယ်လို့ဆိုလာပါတယ်။
မလေးရှားဓာတုဗေဒပညာရှင်ဒေါက်တာဆလင်းက နဂါးစက်ဂမုန်းတွေကို အိမ်ထဲမှာအိုးနဲ့စိုက်တဲ့အခါမှာ အပင်ရဲ့ အောက်ခြေအိုးထဲမှာ အနုဇီဝကောင်တွေကို ပေါက်ပွားစေတတ်တယ်လို့ဆို ပါတယ်။
အပင်ကိုစိုက်ဖို့ မြေဆွေးထည့်တဲ့အခါမှာ မြေဆွေးထဲမှာ ဘတ်တီးရီးယား ၊ရေညှိ ၊ မှို ၊ ပရိုတိုးဇိုးဝါး တွေပါလာတတ်ပါတယ်။ မြေဆွေး ကောင်းလေ မြေဆွေး တစ်ဂရမ်မှာ အနုဇီဝကောင် သန်း၁၀၀၀လောက်ပါလာတတ်ပါတယ်။
သူတို့တွေက အပင်ရဲ့ အမြစ်ပတ်ဝန်းကျင်မှာနေပါတယ်။ အဲ့ဒိကနေ သူတို့က ပြန့်ပွားလာပြီး အခန်းထဲ အိမ်ထဲကို ပြန့်လာတော့တာပါပဲ။ သူတို့က လူတွေရဲ့ ကိုယ်ခံအားကို ကျဆင်းစေပါတယ်။
ဖြစ်နိုင်ရင် မြေဆွေးနဲ့စိုက်ဖို့ မလိုတဲ့အပင်တွေကို စိုက်တာအကောင်းဆုံးလို့ ဒေါက်တာ ဆလင်းက ဆိုပါတယ်။
ကိုယ့်အခန်းထဲမှာ ဒါမှမဟုတ် အိမ်ထဲမှာ ဆင်စွယ်ဂမုန်း အနွယ်ဝင် ဂမုန်းတွေရှိမယ်ဆိုရင် အိမ်ပြင်ထုတ်စိုက်တာ အကောင်းဆုံးပါပဲလို့ သူကဆိုတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိပ်ယာဘေး သံပုရာသီးလေး ထားအိပ်ရင် ဘာတွေအကျိုးပြုသလဲ
အိမ်ထဲမှာ အဝတ်လှန်းခြင်း၏ ကြောက်မက်ဖွယ် ကျန်းမာရေးဆိုးကျိုးများ
အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ၃မျိုး
ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး
Zawgyi
ဒီဖက္ေခတ္မွာ အိမ္တြင္းနဲ႔ အိပ္ခန္းတြင္း အလွဆင္ဖို႔အတြက္ လူေတြက အပင္ငယ္ေလးေတြကို အိမ္ထဲမွာ စိုက္ပ်ိဳးလာၾကပါတယ္။
အိပ္ခန္းေတြထဲမွာဆိုရင္လည္း သစ္ပင္က ထုတ္ေပးတဲ့ ေအာက္စီဂ်င္ရဖို႔ရယ္ မ်က္ေစ့ပသာဒက်ဖို႔ အတြက္ရယ္အတြက္ အပင္ေလးေတြကို စိုက္ပ်ိဳးၾကပါတယ္။
သစ္ပင္စိုက္တိုင္း ေကာင္းလားဆိုရင္ ေကာင္းတာေတြ ရွိသလို မေကာင္းတာေတြ လည္းရွိ ပါတယ္။ ျမန္မာ့အယူအဆအရဆိုရင္ အထူးသျဖင့္ ဂမုန္းပင္ေတြကိုစိုက္တဲ့ အခါမွာ အထူးသတိ ထားရပါတယ္။
အခုဆိုရင္ မေလးရွား ဓာတုေဗဒပညာရွင္ တစ္ဦးက ဆင္စြယ္ဂမုန္း အႏြယ္ဝင္ နဂါးစက္ဂမုန္းကို အိမ္တြင္းမွာ စိုက္ပ်ိဳးမိပါက က်န္းမာေရးအႏၲရာယ္ကို ထိခိုက္ေစႏိုင္တယ္လို႔ သိပၸံနည္းက် ဆိုလာပါတယ္။
ဗိုင္းရက္ပိုး အခ်ိဳ႕ကို ျပန႔္ႏွံ႔ေစတတ္လို႔ မေလးသိပၸံ ပညာရွင္ေတြက ဆိုရွယ္မီဒီယာေပၚမွာ အိမ္တြင္းအလွမဆင္သင့္တဲ့ အပင္မ်ိဳးစိတ္ေတြကို အၿမဲလို ထုတ္လႊတ္ေၾကညာေပးေနပါတယ္။ သိပၸံနာမည္အရ Sansevieria spp လို႔ ေခၚပါတယ္။
အိမ္တြင္အလွပင္ စိုက္တာနဲ႔ပတ္သက္ၿပီး ဘယ္အပင္ေတြ စိုက္သင့္တယ္ ဘယ္အပင္ေတြက မစိုက္သင့္ဘူးဆိုတာ ဟိုးအရင္ ကတည္းက ရွိပါတယ္။
ဒါကို ဒီဖက္ေခတ္ေရာက္ေတာ့ ေရွးထုံးဆိုတာကို အေလးမထားေတာ့ဘဲ မ်က္ေစ့ ပသာဒက်မယ့္ အပင္အတြဲအစပ္ေတြကို ယွဥ္တြဲၿပီး စိုက္က်ေတာ့တာပါပဲ။
သူတို႔ကေတာ့ အယူအဆေဟာင္းေတြဆိုၿပီး အျပစ္ေတာင္ တင္လိုက္ၾကပါေသးတယ္။ ဆင္စြယ္ဂမုန္း အႏြယ္ဝင္ ဂမုန္းေတြက အိမ္တြင္းမွာ စိုက္ပ်ိဳးရင္ အႏုဇီဝေကာင္ေတြကို ျပန႔္ေစတတ္လို႔ က်န္းမာေရးကို ထိခိုက္လာႏိုင္ေစတယ္လို႔ဆိုလာပါတယ္။
မေလးရွားဓာတုေဗဒပညာရွင္ေဒါက္တာဆလင္းက နဂါးစက္ဂမုန္းေတြကို အိမ္ထဲမွာအိုးနဲ႔စိုက္တဲ့အခါမွာ အပင္ရဲ႕ ေအာက္ေျခအိုးထဲမွာ အႏုဇီဝေကာင္ေတြကို ေပါက္ပြားေစတတ္တယ္လို႔ဆို ပါတယ္။
အပင္ကိုစိုက္ဖို႔ ေျမေဆြးထည့္တဲ့အခါမွာ ေျမေဆြးထဲမွာ ဘတ္တီးရီးယား ၊ေရညႇိ ၊ မႈိ ၊ ပ႐ိုတိုးဇိုးဝါး ေတြပါလာတတ္ပါတယ္။ ေျမေဆြး ေကာင္းေလ ေျမေဆြး တစ္ဂရမ္မွာ အႏုဇီဝေကာင္ သန္း၁၀၀၀ေလာက္ပါလာတတ္ပါတယ္။
သူတို႔ေတြက အပင္ရဲ႕ အျမစ္ပတ္ဝန္းက်င္မွာေနပါတယ္။ အဲ့ဒိကေန သူတို႔က ျပန႔္ပြားလာၿပီး အခန္းထဲ အိမ္ထဲကို ျပန႔္လာေတာ့တာပါပဲ။ သူတို႔က လူေတြရဲ႕ ကိုယ္ခံအားကို က်ဆင္းေစပါတယ္။
ျဖစ္ႏိုင္ရင္ ေျမေဆြးနဲ႔စိုက္ဖို႔ မလိုတဲ့အပင္ေတြကို စိုက္တာအေကာင္းဆုံးလို႔ ေဒါက္တာ ဆလင္းက ဆိုပါတယ္။
ကိုယ့္အခန္းထဲမွာ ဒါမွမဟုတ္ အိမ္ထဲမွာ ဆင္စြယ္ဂမုန္း အႏြယ္ဝင္ ဂမုန္းေတြရွိမယ္ဆိုရင္ အိမ္ျပင္ထုတ္စိုက္တာ အေကာင္းဆုံးပါပဲလို႔ သူကဆိုတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
အိပ္ယာေဘး သံပုရာသီးေလး ထားအိပ္ရင္ ဘာေတြအက်ိဳးျပဳသလဲ
အိမ္ထဲမွာ အဝတ္လွန္းျခင္း၏ ေၾကာက္မက္ဖြယ္ က်န္းမာေရးဆိုးက်ိဳးမ်ား
အိမ္မွာ မစိုက္သင့္သည့္ ဂမုန္း ၃မ်ိဳး
ေခ်ာင္းေျခာက္ေဝဒနာ ကင္းေဝးေစဖို႔ အိမ္တြင္းကုထုံး
Credit : Pwintsan
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties