By Khine Zar, Shweproperty.com
Updated at 6 January 2021
ယနေ့ခေတ်မှာတော့ မီးဖိုချောင်ထဲမှာ နေရာယူလာတာသော ခေတ်သစ်အသုံးအဆောင်တစ်ခုလို့ဆိုနိုင်ပါတယ်။ စက်ပစ္စည်းတွေနဲ့ နေထိုင်မှုပုံစံပြောင်းလဲလာတဲ့ခေတ်မှာ အရာရာဟာ လက်တင်အသုံးပြုလို့ရနေပါတယ်။ ဒါပေမယ့် ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်း ရှိတက်ပါတယ်။ မိုက်ကရိုဝေ့ (ဗ်) ဟုခေါ်ဆိုသောမိုက်ခရိုဝေ့ဖ်သည် လျှပ်စစ်မီးဖိုတစ်မျိုးပင်ဖြစ်ပါတယ်။ မိုက်ကရိုဝေ့ဖ်ကြိမ်နှုန်းအတွင်းလျှပ်စစ်သံလိုက် ဓါတ်ရောင်ခြည်နှင့်ထိတွေ့ခြင်းအားဖြင့်အစားအစာကိုအပူပေးပြီးချက်ပြုတ်ပေးသောလျှပ်စစ်မီးဖိုတစ်ခုဖြစ်သည်။ အစားအစာအတွင်းရှိ polar molecules များကိုလှည့်ပတ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် dilectric heating ဟုခေါ်ပါတယ်။ မိုက်ခရိုဝေ့မီးဖိုများသည်အစားအစာများကိုလျင်မြန်စွာနှင့်ထိရောက်စွာအပူပေးတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အစားအစာပူပူလေးကြိုက်တက်တဲ့သူတွေအတွက်အဆင်ပြေစေချင်ပါတယ်။ဒါပေမယ့် တချို့အစားအစာတွေမှာ Microwave ထဲ နွှေးလိုက်တာနဲ့ သူ့ရဲ့အာဟာရဓာတ်သဘာဝတို့ ပျက်စီးသွားတာရှိသလို စားသုံးသူကိုပါ ကျန်းမာရေးထိခိုက်စေတတ်တယ်လို့ သိရပါတယ်။ Microwave ကို ရေဒီယိုလှိုင်းနဲ့ ပုံသဏ္ဍာန်တူတဲ့ electromagnetic စွမ်းအင်ကို အသုံးပြုထားတာဖြစ်ပါတယ်။ လေ့လာစမ်းသပ်ချက်အရ အဲဒီ စွမ်းအင်တွေဟာ လူတွေရဲ့ နှလုံးနဲ့ သွေးကို ထိခိုက်စေနိုင်ပြီး အစာအိမ်ကင်ဆာဖြစ်ဖို့ ဦးတည်နေတာများတယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုဘဲ ဘေးကင်းစွာ ထုတ်လုပ်အသုံးပြုထားတာဖြစ်ပြီး တချို့ အစားအစာတွေကိုသာ သူ့အထဲထည့်ပြီး နွှေးလို့ မစားသင့်ကြောင်း အကြံပြုဖော်ပြထားကြတာ ဖြစ်ပါတယ်။ (၁) မိခင်နို့ မွေးကင်းစ က လေးငယ်တို့အတွက် မိခင်နို့ဟာ မရှိမဖြစ် အာဟာရဖြစ်ပြီး မိခင်နို့ထဲမှာ ရောဂါဘာယကိုတိုက်ဖျက်ပေးတဲ့ ဘတ်တီးရီးယားတွေများစွာပါဝင်ပါတယ်။ ဒါပေမယ့် မိခင်နို့ကို Microwave ထဲည့်ပြီး အပူပေးမိပါက ဒီအကျိုးပြု ဘတ်တီးရီးယားတွေကို ဆုံးရှုံးစေပြီး က လေး အတွက် အန္တရာယ်ဖြစ်စေတတ်ပါတယ်။အပူပေးထားတဲ့မိခင်နို့ တွေမှာ လူတွေနဲ့ က လေးငယ်တွေကို အန္တရာယ်ဖြစ်စေတတ်တဲ့ ဘတ်တီးရီးပိုးတစ်မျိုး ပေါက်ပွားကြီးထွားတတ်တယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားတာဖြစ်ပါတယ်။ (၂) အစိမ်းရောင်ပန်းမုန်လာ အစိမ်းရောင်ပန်းမုန်လာထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပြီး သူ့ကို Microwave ထဲထည့်လိုက်ပါက ကျန်းမာရေးအကျိုးကျေးဇူးပြုတဲ့ antioxidants တွေ ၉၇ % လောက်ဆုံးရှုံးသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ (၃) ရေခဲရိုက်ထားတဲ့အသား အသားတွေကို Microwave ထဲ ၆ မိနစ်ကျော်ကျော်လောက် ထည့်လိုက်ပါက သူ့မှာ ပါဝင်တဲ့ ဗီတာမင် B-12 ရဲ့ဓာတ်သဘာဝဟာ တစ်ဝက်နီးပါးလောက် နည်းပါးသွားတာ တွေ့ရ ကြောင်း သုတေသနတစ်ရပ်က သူတို့ရဲ့ တွေ့ရှိချက်ကို ပြောပြထားပါတယ်။ ရေခဲရိုုက်ပြီးခဲနေတဲ့အသားတွေကိုMicrowave ထဲ ထည့်လိုက်ရင် ဘတ်တီးရီးယားတွေ ပျော်စံရာ ဘုံဗိမာန်ကြီးဖြစ်သွားနိုင်တာမို့ မထည့်သင့်ကြောင်း ဖော်ပြထားကြပါတယ်။ (၄)ရေခဲရိုက်ထားတဲ့ အသီးအနှံ ရေခဲရိုက်ထားတဲ့အသီးအနှံတွေ၊ အစားအစာတွေကို ဝယ်ယူတာက အ ကြောင်းမဟုတ်ပေမယ့် သူတို့ကို Microwave ထဲ ထည့်လိုက်တာက တကယ့်ဆိုးရွားစေတာဖြစ်ပါတယ်။ ဒါတွေဟာ အအေးများလွန်းတဲ့အ နောက်နိုင်ငံတွေမှာ အဖြစ်များတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီလို အေးခဲနေတဲ့ အသီးအနှံ တွေ၊ အစားအစာတွေိကု Microwave ထဲ ထည့်လိုက်ခြင်းအားဖြင့် အဲဒီ အသီးအနှံတွေထဲ အချိုဓာတ်တွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓာတ်သဘာဝကို ပြောင်းလဲ သွားစေတယ်လို့ သုတေသနရပ်တွေက ဖော်ပြထားတာဖြစ်ပါတယ်။ (၅) ပလတ်စတစ်ထုပ်ပိုးအစားအစာ ပလတ်စတစ်နဲ့ထုပ်ပိုးထားတဲ့ အစားအစာတွေကို Microwave ထဲ ထည့်ပြီး နွှေးခြင်းဟာလည်း ပလတ်စတစ်မှ ဓာတုအဆိပ်အ တောက်တွေက အစားအစာတွေထဲ တိုက်ရိုက်စိမ့်ဝင်သွားနိုင်တာမို့ အလွန် အန္တရာယ်ရှိတဲ့လုပ်ရပ်လို့ဆိုပါတယ်။ ရေရှည်မှာ ကင်ဆာဖြစ်စေဖို့ မွေးယူနေသလို ဖြစ်စေတာမို့ ပလတ်စတစ်နဲ့ထုပ်ပိုးထားတဲ့ အစားအစာတွေကိုလည်း Microwave ထဲ မထည့်သင့်ကြောင်းလည်း ပြောပြထားကြပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် မိုက်ကရိုဝေ့ဖ်မီးဖိုများအသုံးပြုမှုသည် ကမ္ဘာအနှံ့ရှိစီးပွားဖြစ်နှင့်လူနေအိမ်မီးဖိုချောင်သို့ပျံ့နှံ့သွားခဲ့သည်။ အစားအစာချက်ပြုတ်ခြင်းအပြင် မိုက်ကရိုဝေ့ဖ်မီးဖိုများကို စက်မှုလုပ်ငန်းများစွာတွင်အပူပေးရာတွင်အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ MICROWAVE အသုံးပြုသည့် အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမယ့် အချက်များ အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော် ရေခဲသေတ္တာထဲမထည့်သင့်သော အစားအစာ နှင့် အသီးအနှံ (၉) မျိုး Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties