By Sint Sint, Shweproperty.com
Updated at 16 November 2020
အစားအစာတွေထဲမှာ တချို့အစားအစာတွေက ရေခဲခံအခန်းထဲထည့်ပြီး စားလို့မရတာ၊ ရေခဲခံသေတ္တာထဲထည့်လိုက်လို့ စားလို့ မကောင်းတော့တာမျိုး ရှိကြပါတယ်။ ဒါကြောင့် စားသောက်စရာတွေ၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွှက်တွေကို အအေးခံသေတ္တာ ဒါမှမဟုတ် အအေးခံအခန်းထဲထည့်မယ်ဆိုရင် ဘယ်လိုအစားအစာမျိုးက မထည့်သင့်လဲ သိရှိထားသင့်ပါတယ်။
၁။ ကြက်ဥ
ကြက်ဥပြုတ်ကို ရေခဲခံသေတ္တာထဲထည့်ထားရင် ကြက်ဥပြုတ်ဟာ မကောင်းဖြစ်သွားတတ်ပါတယ်။ အအေးဓာတ်ကြောင့် ကြက်ဥပြုတ်ဟာ အက်ကွဲသွားပြီး အဲဒီအက်ကွဲကြောင်းမှတဆင့် ဘတ်တီးရီးယားတွေစိမ့်ဝင်စေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ ကြက်ဥက မကွဲဘဲ ရှိနေခဲ့ရင်တောင် ကြက်ဥထဲအနှစ်တွေဟာ ပျော့ပြဲသွားတတ်ပါတယ်။ ကြက်ဥအတွင်းသားတွေ အေးခဲသွားတဲ့အခါမှာ ကြက်ဥအကာတွေကတော့ ရော်ဘာတုံးလိုလိုမျိုးဖြစ်သွားတတ်ကြပါတယ်။ ကြက်ဥနဲ့ပြုလုပ်ထားတဲ့ဆော့စ်တွေအုပ်ထားတဲ့အစားအစာမျိုးဆို ရေခဲခံအခန်းထဲမှာ မထည့်တာ အကောင်းဆုံးပါ။ သူ့ရဲ့ပင်ကိုအရသာကို ပျက်စီးသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။နို့နဲ့နို့ထွက်ပစ္စည်း
နို့နဲ့နို့ထွက်ပစ္စည်းမှန်သမျကိုရေခဲခံအခန်းနဲ့ ရေခဲခံသေတ္တာထဲ မထည့်ဘဲ ဝေးဝေးထားတာ အကောင်းဆုံးပါ။ နို့၊ မလိုင်ဒိန်ခဲ၊ မလိုင်ထုတ်ပြီးဒိန်ခဲပျော့၊ ဒိန်ချဉ် နဲ့ အခြားနို့ထွက်ပစ္စည်းမှန်သမျတို့ဟာ ရေခဲခံသေတ္တာထဲ ထည့်ထားလိုက်တာနဲ့ သူတို့ရဲ့မူရင်းအရသာတို့ဟာ ပြောင်းလဲသွားတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ရေခဲခံသေတ္တာထဲ ထည့်လိုက်တဲ့အတွက် မာတောင့်ပြီး ကျိုးပဲ့လွယ်ခြင်းပင် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ရေခဲခံသေတ္တာထဲမှာ ဒိန်ချဉ်ဟာ အနံ့အသက်မကောင်းတို့ပါ မကောင်းတော့တာပါ။
၃။ အကြော်မုန့်
အကြော်မုန့်တွေကိုလည်း ရေခဲခံသေတ္တာထဲထည့်ပြီး စားဖို့ မကောင်းပါဘူးတဲ့။ ကြော်ထားတဲ့ အသားတွေ၊ အကင်တွေနဲ့ မုန့်တွေဟာ ကြွပ်ကြွပ်လေးဖြစ်နေချိန်မှာ အရမ်းစားလို့ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ကို ရေခဲခံသေတ္တာထဲထည့်လိုက်တာနဲ့ အဲဒီကြွရွမှုအရသာတို့ဟာ လုံးဝပျောက်ကုန်သွားတော့တာပါပဲ။
၄။ ဟင်းခတ်အမွှေးအကြိုင်ပင်
ပူစီနံနဲ့ အခြား ဟင်းခတ်အမွှေးအကြိုင်ပင်တို့ကို ရေခဲခံသေတ္တာထဲ ခပ်ကြာကြာထားတဲ့အခါ အညိုရောင်သန်းလာပြီး ပျော့ဖတ်သွားတတ်ပါတယ်။ သူ့ရဲ့ပုံမှန်အရသာတို့ပါ ပြောင်းကုန်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ရေခဲခံသေတ္တာအပြင် အခြားထည့်ထားစရာနေရာတို့လည်း မရှိဘူးဆိုရင်တော့ အပိုင်းလိုက်လှီးဖြတ်လိုက်ပြီး ဆီလေးဆမ်းလိုက်ကာ ထည့်ထားပါက ခဏတာလောက်တော့ အဆင်ပြေစေပါတယ်။
၅။ ရေဓာတ်များတဲ့ ဟင်းသီးဟင်းရွက်များ
ရေဓာတ်ကြွယ်ဝလွန်းတဲ့အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်း ရေခဲခံသေတ္တာထဲ မထည့်တာ အကောင်းဆုံးပါ။ သူတို့အတွင်းရှိရေတွေဟာ အေးခဲကုန်ပြီး မူလအရသာကို ပျောက်ဆုံးသွားစေတာကြောင့် ဖြစ်ပါတယ်။ ဥပမာ- သခွားသီး၊ ဂေါ်ဖီထုပ်၊ဆလပ်ရွှက်၊ ဖရဲသီး၊ အာလူး၊ စပျစ်သီးနဲ့ ပန်းသီးတို့ဟာ ရေခဲခံသေတ္တာထဲ ထည့်ပြီး မစားသင့်တဲ့ အသီးတွေပါပဲ။
၆။ ကာဗွန်နိတ်အချိုရည်
ကာဗွန်နိတ်အချိုရည်တွေကို ရေခဲခံသေတ္တာထဲထည့်ပြီး သောက်ရတာက အရမ်းကိုအေးပြီး သောက်ကောင်းစေတာမှန်ပါတယ်။ ဒါပေမယ့် ဆိုဒါတပုလင်းကိုရေခဲခံသေတ္တာထဲ တာရှည်ထည့်ပြီးထားပါက အခန့်မသင့်ပါက ပေါက်ကွဲစေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုဒါပုလင်းထဲက ရေတွေဟာ အေးခဲသွားတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အပြင်ထွက်စေဖို့ ဖိအားဖြစ်စေတော့တာပဲ။ ဒါကြောင့် ကာဗွန်နိတ်အချိုရည်တွေကို ရေခဲခံအခန်းထဲထည့်ပြီး သောက်တာ၊ ရေခဲခံသေတ္တာထဲထည့်ပြီးသောက်တာတို့ကို အထူးရှောင်ရှားပြီး အဲဒီအစား ပုံမှန်ရေခဲသေတ္တာထဲပဲ ထည့်ပြီး သောက်နိုင်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အဲကွန်းသုံးတဲ့ အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမည့် ကောင်းကျိုး ဆိုးကျိုးများ
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်
သိသူဖော်စားမသိသူကျော်သွားအိမ်သုံးဆားရဲ့အသုံးဝင်ပုံများ
နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း
Credit : Yangonlife
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties