By Messenger, Shweproperty.com
Updated at 30 September 2015
မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် ဝင်ငွေခွန်များ လျော့ချလိုက်ခြင်းအားဖြင့် အိမ်ခြံမြေ အရောင်းအဝယ် ပိုကောင်း နိုင်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
“အထက်တန်းစား လူတွေ အနေနဲ့ ကျတော့ ဝင်ငွေခွန် ဆောင်ရာမှာ သိပ်ပြီး ပြဿနာ မရှိဘူး။ ဆင်းရဲသား ပြည်သူတွေ အနေကျတော့ ဝင်ငွေခွန် လျော့ချ လိုက်ခြင်းဖြင့် အိမ်ခြံမြေ အရောင်းအဝယ် ကောင်းနိုင်မယ်လို့ ထင်တယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
အိမ်ခြံမြေ ကဏ္ဍတွင် ဝင်ငွေခွန် လျော့ချ လိုက်ခြင်းဖြင့် အောက်ခြေ လူတန်းစားများ ဝင်ငွေခွန် ဆောင်ရာတွင် သက်သာမှု ရှိမည် ဖြစ်ပြီး အိမ်ခြံမြေ ဝယ်ယူရာတွင် အခက်အခဲ နည်းပါးမှု ရှိမည် ဖြစ်သည်။
“ခုလက်ရှိမှာတော့ အရောင်းအဝယ်က အေးနေတုန်းပဲ၊ နိုင်ငံခြားသားတွေနဲ့ ကတော့ အနည်းအပါး အရောင်းအဝယ် ဖြစ်နေတယ်။ ခုဟာက အိမ်ငှားတွေသာ များနေတာပါ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင် ဦးကျော်တင့်က ပြောသည်။
၂၀၁၂ခုနှစ် သြဂုတ်လတွင် အိမ်ခြံမြေ ကဏ္ဍတွင် ဝင်ငွေခွန် တိုးမြှင့် လိုက်ခြင်းဖြင့် အောက်ခြေ လူတန်းစားများနှင့် အစိုးရ ဝန်ထမ်းများ အိမ်ခြံမြေ ဝယ်ယူမှု နည်းပါးလာပြီး အရောင်းအဝယ် အေးသွား ခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် ဧပြီလ၌ အိမ်ခြံမြေ ကဏ္ဍတွင် ဝင်ငွေခွန် သိန်းသုံးထောင် အထိ ရှိခဲ့ပြီး ယခုနှစ် ၂၀၁၅ တွင် ဝင်ငွေခွန် သိန်း ၁၅၀၀ အောက်ဝန်းကျင် အထိ လျော့ချရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties