By Sint Sint, Shweproperty.com
Updated at 3 January 2021
ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်များကို တိုင်းအစိုးရက ပြန်လည်သိမ်းယူ ရန်စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။လက်ရှိတွင် စက်မှုဇုန်အလိုက်ဇုန် အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီများဖွဲ့စည်းထားပြီး ယင်းကော်မတီများက သက်ဆိုင်ရာဇုန်များတွင် စာရင်းများကောက်ယူနေကြောင်း ရန်ကုန်မြို့တော် စည်ပင်တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ ''စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီကို တင်ပြရဦးမယ်။ အဲဒါကတော့ ဝန်ကြီးချုပ်အဆုံးအဖြတ်ပေးမှာပဲ။ ကျွန်တော်တို့ကတော့ အခု လုပ်ငန်းစာရင်းကောက်ယူနေပါတယ်''ဟု ၎င်းကပြောသည်။ရန်ကုန်တိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စက်မှုဇုန် ၂၉ ခု အတွင်းရှိ စက်မှုဇုန်မြေကွက် ၆ဝ ရာခိုင်နှုန်းသာလုပ်ငန်းများ ဖွင့်လှစ်လည်ပတ်နေပြီး ကျန်မြေကွက် ၄ဝ ရာခိုင်နှုန်းမှာ လုပ်ငန်း လည်ပတ်ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်သည့် မြေကွက်များစာရင်းကို ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေးကြီးကြပ်မှု ကော်မတီအစည်းအဝေးပြုလုပ်ချိန်တွင်တင်ပြနိုင်ရေး စာရင်းကောက်ယူခြင်း ဖြစ်သည်။''အဲဒါက ဇုန် ၂၉ ဇုန်လုံးမှာ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီတွေရှိတယ်။ သူတို့ကနေစိစစ်ပြီးတော့ တင်ခိုင်း ထားတုန်းပဲ ရှိသေးတယ်။ စက်မှုဇုန်ကော်မတီအစည်းအဝေးကျင်းပတဲ့အခါကျမှ အဲဒါတွေကို ဝန်ကြီးချုပ်က အဖြေထုတ်ပေးမှာပါ။ ၄ဝ ရာခိုင်နှုန်းလောက်က တချို့ခြံစည်းရိုးခတ်ပြီးတော့ တချို့ကျတော့လည်း ဂိုဒေါင်ငှားစားထားတာတွေရှိတယ်။ တချို့ကျ ဘာအဆောက်အဦမှ မရှိဘူး''ဟု ၎င်းကပြောသည်။ထို့အပြင် စက်မှုဇုန်မြေကွက်များမှာ ပေ ၄ဝ x ၆ဝ၊ ပေ ၁ဝဝ ပတ်လည် စသည်ဖြင့် အကျယ်အဝန်း အမျိုးအစား မတူ၊ အရွယ် အစားမမှန်သဖြင့် အရေအတွက်ကို တိတိကျကျပြောဆို၍ မရသေးဘဲ လုပ်ငန်းမလည်ပတ်သည့် စက်မှုဇုန် မြေကွက် ၄ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟုသာ ပြောနိုင်သည်ဟုလည်း ၎င်းကဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ လှိုင်သာယာရှိ စက်မှုဇုန် ၁၊၂၊၃၊ ၄၊ ၅၊ ၆၊ ၇ အပြင် ပုဂ္ဂလိကစက်မှုဇုန်များဖြစ်သည့် မြစိမ်းရောင်၊ အနော်ရထာ၊ ရွှေသံလွင် စသည့်စက်မှုဇုန်များတွင် လုပ်ငန်းမလုပ်ကိုင်သည့်မြေကွက်မရှိ သလောက်ဖြစ်နေပြီး ရွှေလင်ပန်းစက်မှုဇုန်တွင် လုပ်ငန်းမလည်ပတ်သည့် မြေကွက် ၂ ခုရှိနေကြောင်း၊ သို့သော်လည်း အဆိုပါမြေကွက်နှစ်ခုမှာ ဂရန်ကျပြီးသားများဖြစ်ပြီး လယ်သမားများနှင့် အငြင်းပွားမှု၊ တရားရုံးတွင် အမှုအခင်းဖြစ်မှုတို့ကြောင့် လုပ်ငန်းမလည်ပတ်နိုင်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စက်မှုဇုန်များတွင် လုပ်ငန်းမလုပ်ဘဲ ဂိုဒေါင်အငှားချခြင်းများ စက်မှုဇုန်တိုင်း၌ရှိနေမည်ဖြစ်ပြီး ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင်များဖြင့် သိုလှောင်ရေးလုပ်ငန်းများ၊ ပြည်တွင်းအစားထိုးဖြန့်ချိရေးလုပ်ငန်းများဖြင့် ပေါင်းစပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ရှင်းပြသည်။ ပြည်ထောင်စုလွှတ်တော်က မေလအတွင်း အတည်ပြုလိုက်သည့် စက်မှုဇုန် ဥပဒေအခန်း(၁၁) မြေအသုံးပြုခြင်း၊ ပုဒ်မ ၃၄ (က)တွင် ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) ရင်းနှီးတည်ဆောက်သူသည် စက်မှုဇုန် တည်ထောင်ပြီး စက်မှုဇုန်အတွင်း မြေကွက်ရယူထားကာ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသောမြေကွက်များကို စက်မှုဇုန်မြေအဖြစ် သတ်မှတ်ကြေညာသည့်နေ့မှ ၆ လအတွင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီးမည့်ကာလကို ဒေသဆိုင်ရာကော်မတီသို့ တင်ပြအတည်ပြုချက်ယူရမည်၊ စီမံကိန်း သတ်မှတ်ကာလအတွင်းမပြီးပါက မြေ ကာလတန်ဖိုး ၁ဝ ရာခိုင်နှုန်းကို နှစ်စဉ်ပေးဆောင်ရန်၊ ဒဏ်ကြေးမပေးဆောင်နိုင်ပါက ပါမစ် သို့မဟုတ် ဂရန် ပြန်လည်ရုပ်သိမ်းခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။ နောက်ဆုံးရ သတင်းများ မန္တလေးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဝန်ထမ်း လေးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာများ စီစဉ်ပေးနိုင်ခဲ့ Yangon AMATA Smart and Eco City စီမံကိန်း ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ကျုံစုတ်ကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်း ပြီးစီး Credit : News Watch Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties