By Yangon Media Group, Shweproperty.com
Updated at 11 May 2017
ဧရာဝတီတိုင်းဒေသ ကြီး၏စက်မူဇုန်စီမံကိန်းအသစ်အ ဖြစ် မအူပင်မြို့နယ်တွင်စတင်အ ကောင်အထည်ဖော်ပြီဖြစ်ကြောင်း သိရသည်။
၂၈၃ ဒသမ ၄၁ ဧကရှိ အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အပြီးသတ်အကောင် အထည်ဖော်နေခြင်းဖြစ်ကာ မေ ၉ ရက်တွင် စီမံကိန်းမြေဧရိယာ ပန္နက်ရိုက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာ အနီးရှိ စီမံကိန်းမြေနေရာ၌ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါစက်မှုဇုန်စီမံကိန်းကို ခန့်မှန်းကန်ဒေါ်လာသန်းပေါင်း ၂၅ဝဝ ရင်းနှီးမြှုပ်နှံ၍အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံခြားသား ၅၅ ရာခိုင်နှုန်း၊ မြန် မာနိုင်ငံသား ၄၅ ရာခိုင်နှုန်း ပူးပေါင်း ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နှင့် စီမံကိန်း၏ပထမအဆင့်ကိုတစ် နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။
''ဒီစက်မှုဇုန်စီမံကိန်းက ရှန် ဟိုင်းက စီးပွားရေးလုပ်ငန်းရှင်အ သင်းနဲ့ မြန်မာလယ်သမားတွေ ပူး ပေါင်းပါလုပ်ကိုင်တာဖြစ်ပါတယ်။ ဒီစက်မှုဇုန်စီမံကိန်းအကောင်အထည် ဖော်ခြင်းအားဖြင့်လည်း ဒီဒေသက နေ ရွှေ့ပြောင်းလုပ်ကိုင်တဲ့သူတွေ က မိသားစုနဲ့နေရပ်ကိုပြန်ပြီး လုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။ ပြီး တော့ ကုန်သွယ်ခွင့်လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သီလဝါ ဆိပ်ကမ်းနဲ့ ကုန်းလမ်းကြောင်းနဲ့ ဖြစ်ဖြစ်၊ ရေလမ်းနဲ့ပဲဖြစ်ဖြစ်ဆက် သွယ်ပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်စေမှာဖြစ်ပါတယ်'' ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
အဆိုပါစီမံကိန်းကို Maubin United Development Co.,Ltd (JV) မှ ဦးဆောင်အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာစီမံ ကိန်းမြေဧရိယာအကျယ်အဝန်း ၂၈၃ ဒသမ ၄၁ ဧကတွင် စက်မူဇုန်စီမံကိန်း ၂၄၉ ဒသမ ၄၈ ဧကနှင့် အိမ်ရာမြေ ကွက်စီမံကိန်း ၃၃ ဒသမ ၉၃ဧက ပါဝင်ကြောင်း သိရသည်။
''စက်မှုဇုန်အကောင်အထည် ဖော်ဖို့ ကျွန်တော်တို့ကြိုးစားလုပ် ဆောင်နေတာ သုံးနှစ်ရှိပါပြီ။ အခု လို အကောင်အထည်ဖော်လာနိုင် ပြီဖြစ်တဲ့အတွက်လည်း အရမ်းကို ဝမ်းသာမိပြီး စိတ်အေးသွားပါပြီ''ဟု ဒေသခံလယ်သမားတစ်ဦးက ပြောသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties