By myanmar property, Shweproperty.com
Updated at 18 June 2013
ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်နှင့် စက်မှုနယ်မြေများတွင် မြေဈေးကွက်မှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း တစ်သောင်းအကြား ဈေးပေါက်နေပြီး လှိုင်သာယာစက်မှုဇုန်သည် မြေဈေး အမြင့်ဆုံးတွင် ရှိနေကြောင်း အိမ်၊ ခြံ ၊မြေ အကျိုးဆောင် ဝန်ဆောင်မှုအသင်း (ယာယီ) မှသတင်းရရှိသည်။
စက်မှုဇုန် မြေကွက်များတွင် ဂိုဒေါင်ပါရှိသည့် မြေကွက်များ ကျပ်သိန်း နှစ်ရာဝန်းကျင်ဖြင့် အဌားသွက်နေသဖြင့် စက်မှုဇုန် မြေဈေးအရောင်းအဝယ်ထက် ဂိုဒေါင်အဌားချထားရန် ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှ စုံစမ်းသိရှိရသည်။
“စက်မှုဇုန်တွေမှာ မြေကွက်ဝယ်ထားပြီးတော့ ဒီအတိုင်းပဲ ထားကြတဲ့ မြေကွက်တွေ အများကြီးရှိနေတယ်၊ သိတဲ့အတိုင်း အရောင်းအဝယ်ကျတော့ သိပ်မလွယ်ဘူးလေ၊ စိတ်ဝင်စားတယ်၊ ကြည့်တယ်၊ ဒီအဆင့်ပဲ၊ အုတ်တံတိုင်းခတ်ပြီး ဂိုဒေါင်တွေပါ ဆောက်ထားတဲ့ မြေကွက်ကျတော့ ချက်ချင်းကို အဌားရှိနေတယ်”ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဝန်ဆောင်မှုအသင်း(ယာယီ) မှအကျိုးဆောင်တစ်ဦးက ပြောသည်။
ဆက်လက်၍ စက်မှုဇုန်များ အတွင်းရှိ မြေကွက်အလွတ် ပိုင်ရှင်များအား မြေကွက်အလွတ်မထားဘဲ ဂိုဒေါင်များ ဆောက်လုပ်ထားခြင်းဖြင့် အဌားဈေးကွက်အတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အကြံပြု ပြောကြားသည်။
ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များ၏ တစ်ဧက ပေါက်ဈေးများမှာ ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း တစ်သောင်းအထိ ရှိနေပြီး ရွှေပြည်သာစက်မှုဇုန်တွင် တစ်ဧက ကျပ်သိန်း ၁၅၀၀ နှင့် ၂၀၀၀ ဝန်းကျင်၊ မင်္ဂလာဒုံ စက်မှုဇုန်တွင် ကျပ်သိန်း ၂၀၀၀ နှင့် ၂၅၀၀ ဝန်းကျင်၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့စက်မှုဇုန်တွင် ကျပ်သိန်း နှစ်ထောင်ဝန်းကျင်နှင့် လှိုင်သာယာ စက်မှုဇုန်တွင် ကျပ်သိန်း ငါးထောင်နှင့် တစ်သောင်း အကြား ဈေးပေါက်နေကြောင်း စုံစမ်း သိရှိရသည်။
Ref : Myanmar Property
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties