By 7daydaily, Shweproperty.com
Updated at 23 March 2015
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များရှိ စီမံကိန်း အဆိုပြုလွှာတင်သွင်းရန် ပျက်ကွက်သောမြေကွက်ပေါင်း ၁,၀၉၀ ကျော်ကိုအစိုးရထံမှ မူလဝယ်ဈေးအတိုင်း လျော်ကြေးပေး၍ ပြန်လည်သိမ်းယူရန် တိုင်းဒေသကြီးအစိုးရက စီစဉ်နေကြောင်း သတင်းရရှိ သည်။ ‘‘ဒီမြေကွက်တွေ သိမ်းပြီး ပေါက်ဈေးနဲ့ လေလံပစ်မယ်။ ပြီးရင် သူတို့ဝယ်ရင်း ဈေးကို ပြန် အမ်းပြီး ပိုငွေကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေမှာ ထည့်သုံးဖို့ စီစဉ်ထားတယ်’’ဟု အစည်းအ ဝေးသို့တက်ရောက်ခဲ့သူ လှိုင်သာ ယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်း အောင်ကပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ စက်မှုဇုန် ၂၄ ခု တွင် မြေ ကွက်လွတ်ပေါင်း ၂,၃၃၉ ကွက် နှင့် ဂိုဒေါင်လွတ် ၁,၂၉၉ လုံးရှိ သည်။ မြေကွက်လွတ်များနှင့် ဂို ဒေါင်လွတ်များသည် လုပ်ငန်း မလုပ်သဖြင့် အခွန်ငွေမရှိသကဲ့သို့ စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ရာတွင် အနှောင့်အယှက်ဖြစ်သောကြောင့် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများက အမြန်ဆုံးဆောင်ရွက်ပေးရန် ဆန္ဒရှိနေကြောင်း သတင်းရရှိသည်။ ‘‘တကယ်လုပ်နိုင်မလားဆို တာ တိုင်းအစိုးရကို မေးချင်တယ်။ဘာလို့လဲဆိုတော့ ဒီမြေကွက် တွေက အရင်အစိုးရလူကြီးတွေ နဲ့ အဆက်စပ်တွေပဲ ပိုင်ကြတာ’’ ဟု အရှေ့ဒဂုံစက်မှုဇုန်မှ ဆောက် လုပ်ရေး ပစ္စည်းများ ထုတ်လုပ် သော လုပ်ငန်းရှင် တစ်ဦးကပြော ကြားသည်။ စက်မှုဇုန်များ၌ လုပ်ငန်းမ လုပ်သော မြေကွက်များ၊ ဂိုဒေါင် များကို အစိုးရစတင်ချထားပေး သော နှုန်းထားအတိုင်း ပြန်ပေး လျော်စေပြီး သိမ်းယူရန် ဒုသမ္မတ ဦးဆောင်သောအဖွဲ့က စီစဉ် လျက်ရှိရာ ပြန်သိမ်းမြေကွက်များ ကို အမှန်တကယ် လုပ်ငန်းလုပ် ကိုင်မည့်သူများအား လက်ရှိ ပေါက်ဈေးဖြင့် ပြန်လည်ရောင်းချ ပေးမည့်အစီအစဉ်ကို ၂၀၁၄ နှစ်ကုန်က စတင်ခဲ့သည်။ လုပ်ငန်းမလုပ်သော စက်မှု လုပ်ငန်းများ ပြန်လည်သိမ်းယူမှု သည် စက်မှုဇုန်များတွင် မြေဈေး ကြီးမြင့်မှုကြောင့် လုပ်ငန်းလုပ် ကိုင်လိုသူများ၊ လုပ်ငန်းတိုးချဲ့ လိုသူများအတွက် အတားအဆီး ဖြစ်နေမှုကို အစိုးရက ကုစားရန် ကြိုးစားသော ခြေလှမ်းတစ်ခု ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက သုံးသပ်နေကြသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် လက်ရှိမြေဈေးနှုန်းမှာ တည်နေ ရာဒေသအလိုက် မတူညီမှုများ ရှိသော်လည်း ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၃,၀၀၀ မှ ၄,၀၀၀ အထိရှိနေပြီး အချို့နေ ရာများတွင် တစ်ဧကလျှင် ငွေ ကျပ်သိန်း ၇,၀၀၀ မှ သိန်း ၈,၀၀၀ အထိရှိနေသည်ကို ကြားသိရ ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးမျိုးအောင်က လွှတ် တော်၌ ပြောကြားသည်။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ လုပ်ငန်း တာဝန်များတွင် မြေကွက်များ နေရာချထားရေးနှင့် ဆက်စပ် သော ကိစ္စများအတွက် တာဝန် ပေးအပ်ထားခြင်းမရှိပေ။ သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသာ ကော်မတီတစ်ရပ်ဖွဲ့ပြီး ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဦးမျိုးအောင်က ရှင်းပြ သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၂၄ ခု၌ မြေကွက်ပေါင်း ၁၀,၃၀၁ ကို ဖော်ထုတ်နေရာချ ထားပေးထားကြောင်း၊ ယင်းမြေ ကွက်များတွင် စက်ရုံ တည် ဆောက်မှုမှာ မြေကွက်ပေါင်း ၃,၆၉၃ ရှိပြီး လုပ်ငန်းထူထောင်ဆဲ မြေကွက်မှာ ၂,၉၈၀ နှင့် ဂိုဒေါင် သိုလှောင်ရုံအဖြစ် မြေကွက် ၁,၂၉၉ ကွက်ရှိကြောင်း သိရသည်။ ကျန်ရှိနေသော မြေကွက် ၂,၃၃၉ မှာ လုပ်ငန်းမလုပ်သော မြေကွက် လွတ်များဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်၌ ပြော ကြားသည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties