By Union House Myanmar, Shweproperty.com
Updated at 29 August 2019
အိမ်ခြံမြေ ဝယ်ယူတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ အရှူပ်အရှင်းသဘောတရားကို ကြိုတင်သိထားကာမှ တော်ကာကျပါလိမ့် မယ် ၊ ဝယ်ယူဖို့ရန် စာချုပ်ချုပ် လတ်မှတ်ရေးထိုးပြီးနောက် သတင်းစာမှာထည့်သွင်း ကြော်ငြာတဲ့အခါမှ မိမိဝယ်ယူလိုက်တဲ့ အိမ်ခြံမြေမှ အမွေဆိုင်ဖြစ်နေတတ်တာတွေ ၊ ကန့်ကွက်သူပေါ်လာကြတာတွေကြောင့် ဖြစ်လာမဲ့နောက်ဆက်တွဲပြသနာတွေက ပိုမိုရှုပ်ထွေးလာတတ်ပါတယ်။
(သို့မဟုတ်) မိမိရောင်းလိုတဲ့ အိမ်ခြံမြေကို အမွေဆိုင်အရှူပ်အရှင်းတွေ မသိဘဲ ရောင်းချတာကြောင့် အမွေဆိုင်ပြသနာတွေဖြစ်လာတတ်တာမို့အမွေဆိုင် အိမ်ခြံမြေ အဆင့်ဆင့်ဆက်ခံခြင်းသဘောတရားအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ...........
မိမိဝယ်ယူမဲ့အိမ်အတွက် စရံသတ်ပြီးကာမှ အိမ်ပိုင်ရှင်ဆုံးပါးသွားလျှင်
ဝယ်ယူမဲ့ အိမ်ရဲ့ပိုင်ရှင်ကို စရံလည်းသတ်ပြီးပြီ သတင်းစာထဲထည့်သွင်းကြော်ငြာရာမှာ ကန့်ကွက်သူလည်းမရှိခဲ့ဘူးဆိုရင် ကျန်ရှိသောငွေများကို ပထမဦးစားပေးအနေနဲ့ - မိမိစရံသတ်ပြီးဝယ်ယူခဲ့တဲ့ အိမ်ပိုင်ရှင်ရဲ့သားသမီး ၊ ဇနီး ၊ ခင်ပွန်း ၊ မြေး ၊ မြစ်တို့ကို ပေးချေနိုင်ပြီး ဒုတိယဦးစားပေးရရှိနိုင်သူတွေကတော့. လင်ပါ ၊ မယားပါ သားသမီးတို့ရရှိနိုင်ပါတယ်။
အကယ်၍ အထက်ပါ မျိုးနွယ်များမရှိဘဲ သေဆုံးသူပိုင်ရှင်သည် လူလွတ်ဖြစ်နေပါက
၁။ ညီအစ်ကိုမောင်နှမ
၂။ မိဘ
၃။ ဘိုးဘွား
၄။ တူ ၊ တူမ
၅။ ဦးကြီး ၊ဦးလေး၊ ဒေါ်ကြီး ၊ ဒေါ်လေး
၆။ တူ ၊တူမတို့၏သားသမီး မှ ဆက်ခံပိုင်ခွင့်ရှိတာကြောင့် ငွေပေးချေနိုင်ပါတယ်။
အထက်ပါ အမွေဆက်ခံမည့် သူများအနက် ……
-အသက်(၁၈) နှစ်မပြည့်သေးသူ
-စိတ်မနှံ့သူ
-အမွေဖြတ်ခံထားရသူ
-ပိုင်ဆိုင်ခွင့်အတွက်ကန့်သတ်ခြင်းခံရသူတို့ မှာ ရောင်းချမည့် အိမ်ခြံမြေနှင့် ပတ်သတ်ပြီး ကန့်သတ်ခွင့်မရှိတဲ့လူတွေဖြစ်ပါတယ်။
ထိုသို့မဟုတ်ဘဲ စရံငွေချထားပြီးမှ အပြီးသတ်ရောင်းချရန် စာချုပ်ချုပ်ဆိုမည့်အခါ ပျက်ကွက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ လိမ်လည်မှုမြောက်၍ သက်ဆိုင်ရာနှင့်တိုင်တန်းပြီး တရားစွဲဆိုနိုင်ပါတယ်။
သို့ဖြစ်၍ မိတ်ဆွေတို့အနေနဲ့ အိမ်ခြံမြေနှင့်ပတ်သတ်ပြီး ဝယ်ယူမည် ၊ ရောင်းချမည်ဆိုပါက သိတတ်နားလည်သည့် အကျိုးတော်ဆောင်များနှင့်သာ အပ်နှံသင့်ပါကြောင်း အကြံပြု အပ်ပါတယ်........
Ref : Union House Myanmar
Photo Credit : Searchenginejournal
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties