By Lily, Shweproperty.com
Updated at 15 August 2022
အမွေဆိုင်များပိုင်ဆ်ိုင်သည့်အိမ်ခြံမြေကိုအမွေဆိုင်တစ်ဦးကအခြားအမွေဆိုင်များမသိအောင်ရောင်းချမည်ဆိုလျှင် အရောင်းအဝယ်မပြီးမြောက်သေးပါကအခြားအမွေဆိုင်များက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင်အချင်းဖြစ်မြေကွက်နှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ရောင်းချသောအခါဝယ်ယူသူမှနိုင်ငံပိုင်သတင်းစာတွင်ကန့်ကွက်ရန်ရှိ/မရှိကြေညာချက်ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့ကြေညာချက်ကိုတွေ့ရှိပြီးကန့်ကွက်မည်ဆိုလျှင်သတင်းစာကြော်ငြာတွင်ထည့်သွင်းဖော်ပြထားသည့်သတ်မှတ်ရက်မတိုင်မီပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများဖြင့် ဝယ်ယူသူထံသွားရောက်ကန့်ကွက်ခြင်း၊ကန့်ကွက်လွှာတင်သွင်းခြင်းများဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုအခါ အရောင်းအဝယ်သည့်ရှေ့ဆက်ဆောင်ရွက်၍မရတော့ဘဲ အမွေဆိုင်များမသိဘဲတစ်ဦးတည်းရောင်းချသည့်ရောင်းသူမှဝယ်ယူသူအားစရန်ငွေ၏ (၂)ဆပြန်လည်ပေးလျော်ခြင်းဖြင့်အရောင်းအဝယ်ပျက်သွားမှာဖြစ်ပါသည်။ အရောင်းအဝယ်ပြီးမြောက်ပြီးနောက်မှကျန်အမွေဆိုင်များကသိရှိခြင်းဖြစ်ပါက အဆိုပါအရောင်းအဝယ်သည်ကျန်အမွေဆိုင်များမသိရှိဘဲရောင်းချခြင်းဖြစ်သည့်အတွက်အရောင်းအဝယ်ပြုလုပ်ထားသည့်စာချုပ်ကိုဖျက်သိမ်းပေးစေလိုမှုတရားမမှုစွဲဆိုရမှာဖြစ်ပါသည်။ တရားစွဲဆိုရာတွင်သတ်မှတ်ထားသည့်ကာလအပိုင်းအခြားမစေ့ရောက်မီတရားစွဲဆိုရန်လိုအပ်မည်ဖြစ်ပါသည်။ စာချုပ်ဖျက်သိမ်းပေးစေလိုမှုသည် ကာလစည်းကမ်းသတ်ဥပဒေအရဝယ်ယူသူသတင်းစာကြေညာချက်ထည့်သွင်းသည့်နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာဖြစ်ပါသည်။ထိုသို့ (၃)နှစ်အတွင်းတရားစွဲဆိုခဲ့ခြင်းမရှိဘဲကာလစည်းကမ်းသတ်ကျော်လွန်သွားခဲ့မည်ဆိုလျှင် အဆိုပါအချင်းဖြစ်အိမ်ခြံမြေအတွက်တရားစွဲဆိုဆောင်ရွက်လိုရမည်မဟုတ်တော့ပါ။ အခြားအမွေဆိုင်များတွင်ဥပဒေအရဆုံးရှုံးမှုရှိမှာဖြစ်တဲ့အတွက် မိမိတွင်ပိုင်ဆိုင်မှု၊ဆက်ဆိုင်မှုများရှိပါကနိုင်ငံပိုင်သတင်းစာများကိုစောင့်ကြည့်ဖတ်ရှုခြင်း၊ဆက်ဆိုင်ပိုင်ဆိုင်သည့်အိမ်ခြံမြေ၏သတင်းအချက်အလက်ကို နားစွင့်ထားရန်လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ မိမိပိုင်ဆိုင်မှုဆုံးရှုံးခြင်းကိုကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန်ရေးသားဖော်ပြလိုက်ပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား Credit By : ဥပဒေရေးရာ Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties