By The Kumudra, Shweproperty.com
Updated at 26 April 2016
မြန်မာနိုင်ငံအတွင်း ၁၀နှစ်တာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အင်နိုဂရု(ပ်)ရဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ အင်နိုစီးတီးစီမံကိန်းကို BOT စနစ် ၊ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။
"ဒီစီမံကိန်းမှာပါဝင်တဲ့ အိမ်ရာစီမံကိန်းကိုတော့ BOT စနစ်နဲ့ နှစ် ၅၀ + ရှစ်နှစ် ၊ စုစုပေါင်း ၅၉ နှစ် လုပ်ကိုင်ခွင့်ပြုမယ် ၊ အဆင့်မီ ကားဝင်းကိုတော့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဦးပိုင်နဲ့ လုပ်ကိုင်မှာပါ" လို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က မန်နေဂျင်းဒါရိုက်တာ ဗိုလ်ချုပ် ဇာနည်ဝင်းက ပြောပါတယ်။
အင်နိုစီးတီး စီမံကိန်းကို မြေဧက ၇.၆၂၉ ပေါ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံဆောက်လုပ်မှာဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောတူညီချက်ရရှိပြီးဖြစ်လို့ အုတ်မြစ် ချပွဲပြုလုပ်ပါတယ် ။ စီမံကိန်းကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးတည်ဆောက်မှာဖြစ်ပါတယ်။ လူဦးရေ ၅၀၀၀ ဝန်းကျင်အထိ နေထိုင်နိုင်မှာဖြစ်ပြီး အဆောက်အအုံအမျိုးအစားပေါင်းများစွာ ပါဝင်မယ်လို့ ဆိုပါတယ်။
လူနေအိမ်ခန်း ၂၁၆ ခန်းပါဝင်တဲ့ အထပ် ၃၀ အမြင့် အဆောက်အအုံနှစ်လုံး ၊ လူနေအိမ်ခန်း ၁၀၄ ခန်းပါဝင်တဲ့ ၂၉ ထပ်အမြင့် ဟိုတယ်တစ်လုံး ၊ အဝေးပြေးယာဉ်ရပ်နားစခန်း ၊ ခန်းမဆောင် ၊ ရှော့ပင်းမောစတာတွေပါဝင်ပါတယ် ။ နေထိုင်သူတွေအတွက်နဲ့ လာရောက်လည်ပတ်သူတွေအတွက် ယာဉ်အစီးရေ ၁၁၃၉ စီးရပ်နားနိုင်တဲ့ ကားပါကင်စနစ်နဲ့ သုံးရေနဲ့ မီးသတ်ရေ သိုလှောင်စနစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
မြင်ကွင်းတွေအနေနဲ့ အင်းလျားကန် ၊ ရွှေတိဂုံစေတီတော် ၊ ကမ္ဘာအေးစေတီ ၊ စွယ်တော်ဘုရား စတာတွေအပြင် လေယာဉ်ကွင်း ၊ ဥက္ကာလာဂေါက်ကွင်း စတာတွေနဲ့လည်း တစ်ဆက်တည်းမှာ တည်ရှိပြီး သွားလာရလွယ်ကူတယ်လို့ ဆိုပါတယ်။
Ref : The Kumudra
Photo Credit : mynhousing
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties