By Democracy Today, Shweproperty.com
Updated at 24 August 2017
အင်းစိန်မီး ရထားပိုင်နယ်မြေအတွင်း ဝန်ထမ်း အိမ်ရာသစ်တည်ဆောက်ပေးမည် ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ပြောသည်။
သြဂုတ် ၂၂ ရက် ဒုတိယအ ကြိမ်ပြည်သူ့လွှတ်တော်အစည်းအ ဝေးတွင် အင်းစိန်မြို့နယ်မီးရထား ပိုင်နယ်မြေအတွင်း သက်တမ်းလွန် အိုမင်းနေပြီဖြစ်သော အန္တရာယ်ရှိ မီးရထားဝန်ထမ်းအိမ်ရာများကို ခေတ်နှင့်လျော်ညီသည့်ဝန်ထမ်းအိမ် ရာအသစ်များအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မ ရှိမေးမြန်းခဲ့မှုအပေါ် ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
""၂၁ ဒသမ ၄၂၅ ဧကကျယ် ဝန်းတဲ့ နိုင်ငံတော်ပိုင်မြေ အင်းစိန် မီးရထားဝင်းအိမ်ရာကိုစနစ်တကျ စီမံခန့်ခွဲဖို့အထူးလိုအပ်လျက်ရှိနေ ပြီဖြစ်ပါတယ်။ လက်ရှိဟောင်းနွမ်း ပြီးအန္တရာယ်ရှိနေသည့် ဝန်ထမ်း အိမ်ရာများကို အထပ်မြင့်အိမ်ရာ များအဖြစ်တည်ဆောက်မယ်ဆိုရင် မြို့တော်အင်္ဂါရပ်နဲ့လည်းညီညွတ် စေမှာဖြစ်သလို မြေယာကိုလည်း တန်ဖိုးရှိစွာစီမံခန့်ခွဲပြီးမှာဖြစ်ပါ တယ်။ ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းများ လည်း ဂုဏ်သိက္ခာရှိကာ အန္တရာယ် ကင်းပြီးတော့ စိတ်ချလုံခြုံတဲ့နေမှု ထိုင်မှုဘဝကိုရရှိစေမှာဖြစ်ပါတယ်"" ဟု ဦးမောင်မောင်ဦးကပြောသည်။
ယင်းအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးဦးကျော်မျိုးက ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်မြို့နယ် မီးရထားဝန်ထမ်းအိမ်ရာအသစ် များဆောက်လုပ်ရန် ရန်ပုံငွေကျပ် သန်း ၁၅၀ လျာထားခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းအ ခြားမြို့နယ်သုံးခုရှိ မီးရထားဝန်ထမ်း အိမ်ရာများပြင်ဆင်ခြင်းကို အရေး ပေါ်ဆောင်ရွက်ခဲ့ရခြင်းအတွက် ကြွေးကျန်ပေးရန်ရှိလာသဖြင့် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။
ဒုတိယဝန်ကြီးဦးကျော်မျိုးက""လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် အင်းစိန်မီးရထား ကျန်းမာရေး ဝန်ထမ်းများ နေထိုင်ရန်အတွက် ခြောက်ခန်းတွဲ လေးထပ်အာစီတစ် လုံးကို ငွေကျပ် ၄၉၀ ဒသမ ၅၄၄ သန်းဖြင့် ငွေလုံးငွေရင်းအသုံးစရိတ် မှကျခံ၍ဆောက်လုပ်ပေးနိုင်ရန် ထည့်သွင်းလျာထားတင်ပြသွားမှာ ဖြစ်ပါတယ်""ဟု ပြောသည်။
အင်းစိန်မီးရထားစက်ခေါင်း ရုံသည် ၁၈၇၀ ပြည့်နှစ်တွင်စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ရာ မြန်မာ့မီး ရထားဝန်ထမ်းအိမ်ရာများသည် လည်းနှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့် ပြီဖြစ်သဖြင့် ဟောင်းနွမ်းဆွေးမြည့်ကာ အန္တရာယ်ရှိအဆောက်အအုံများဖြစ် နေကြောင်း သိရသည်။
Ref : Democracy Today
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties