အိမ်တံခါးရဲ့ အဝင်လမ်းတွင်မှန်ထားခြင်း


အဝင်တံခါးနားမှာ မှန်ကို ထားရှိခြင်းအားဖြင့် အလင်းရောင်ပိုမိုရရှိနိုင်သလို အိမ်ကနေ မထွက်ခွာခင်မှာ ကိုယ့်ရဲ့ အနေအထားကို စစ်ဆေးဖို့အတွက်လည်း အဆင်ပြေပါတယ်။ဒါပေမဲ့ တံခါးနဲ့ မျက်နှာချင်းဆိုင်မှာ မထားမိဖို့တော့ သတိထားရပါမယ်။


မှန်နှစ်ခုကို မျက်နှာချင်းဆိုင်ထားရှိခြင်း


ကြီးမားတဲ့ မှန်နှစ်ချပ်ကို မျက်နှာချင်းဆိုင် ထားရှိမယ်ဆိုရင် အိမ်ခန်းကို ပိုပြီးခမ်းနားစေသလို အလင်းရောင်များများရရှိပြီး နေရာကျယ်သလို ထင်ရစေပါတယ်။မှန်နှစ်ချပ် အချင်းချင်း အလင်းပြန်တဲ့ သဘောက စိန်ခေါ်မှုတွေကို အောင်မြင်မှုတွေနဲ့ ရင်ဆိုင်နိုင်မယ်လို့ ဆိုပါတယ်။


မီးလင်းဖိုအပေါ်ဘက်တွင် မှန်ထားခြင်း


ဖုန်းရွှေပညာအရ အသင့်တော်ဆုံး နည်းလမ်းကတော့ မီးလင်းဖိုရဲ့ အပေါ်မှာ မှန်ကို ထားရှိခြင်းပဲ ဖြစ်ပါတယ်။ဒီလိုထားရှိခြင်းက အေးချမ်းငြိမ်သက်ခြင်း စွမ်းအားကို အိမ်ထဲမှာ ပျံနှံ့စေပြီး မိသားစုတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိအောင် ကာကွယ်ပေးသည်ဟုဆိုပါသည်။





ထမင်းစားခန်း


ထမင်းစားခန်းနံရံမှာ မှန်ကြီးကြီးတစ်ချပ်ကို ချိတ်ဆွဲပေးထားမယ်ဆိုရင် မီးဖိုချောင်မှာ အစားအစာတွေ ပေါများပြီး ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့  အယူအဆရှိပါတယ်။သိပြီးသားဖြစ်တဲ့အတိုင်း အခန်းကို ပိုကျယ်တယ်လို့လည်း  ထင်ရစေပါတယ်။မှန်ကိုယတြာချေခြင်းများနှင့်ဂမ္ဘီရဆိုင်ရာ ပညာရပ်တွေမှာလည်း အသုံးပြုလေ့ရှိပါသေးတယ်။ 


အိမ်မှာ ကြည့်မှန် ၊မှန်တင်ခုံမှန်၊ ဗီဒိုမှန်၊ အလှဆင်မှန်များလည်း ထားရှိတက်ပါတယ။် ထိုမှန်များကိုလည်း အမြဲတမ်းကြည်လင်တောက်ပနေအောင်ထားရှိရပါတယ်။ အကြောင်းမှာ အရောင်များမှေးမှိန်နေပါက လာဘ်လာဘများပိတ်စေပြီး အိမ်သူအိမ်သားအချင်းချင်းလည်း အမြင်မကြည်မလင်ဖြစ်တက်ပါသည်။ 


ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ်၌ ယဉ်ကျေးခြင်းအပိုင်း (၂)


ဖုန်းရွှေဟောတမ်းအရ ကံကောင်းစေသော အိမ်သုတ်ဆေးအရောင်များ


စီးပွားရေး ကျဆင်းစေ၍ ရှောင်ရှားအပ်သည့် နေအိမ် အရပ်မျက်နှာ


သင့်အိမ်စီးပွားရေးအခြေအနေသည် နေအိမ်မျက်နှာမူရာအရပ်ပေါ်မူတည်နေပုံ


Posted By : Sint Sint (ShweProperty.com)