By Myanmar Builders Guide, Shweproperty.com
Updated at 30 May 2017
မန္တလေးတိုင်းရှိအငြိမ်းစားဝန်ထမ်းများအတွက် အရစ်ကျစနစ်ဖြင့်ရောင်းချမည့်အိမ်ရာများဆောက်လုပ်မည် ဖြစ်ပြီး ဝယ်ယူခွင့်ရရှိမည့် ဝန်ထမ်းဦးရေ ကိုစာရင်းကောက်ယူမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာ နဝန်ကြီးပြောကြား ချက်အရသိရသည်။
အိမ်ရာများဆောက်လုပ်ရန်အစိုးရက ဘတ်ဂျက်ချထားခြင်းမရှိဘဲ ချေးငွေစနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး အစီအစဉ်ဖြင့်လည်းကောင်း ဆောက်လုပ်ရမည်ဖြစ်၍ မြေနေရာအနေအထားနှင့် ဆောက်လုပ်မည့်တိုက်ခန်းအရေအတွက်ကို စာရင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ အတွက်ဆောက်လုပ်သည့်အိမ်ရာတွင်ဝယ်ယူခွင့်ရရှိသူများသည်လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနက်သုံးနှစ်အတွင်းအငြိမ်းစားယူမည့်ဝန်ထမ်းများအား ဦးစားပေးရောင်းချမည်ဟု သိရသည်။
အိမ်ရာစီမံကိန်းအတွက် လတ်တလောသတ်မှတ်ထားသည့် အကျယ်အဝန်းနှင့် တန်ဖိုးမှာစတုရန်းပေ ၄၀၀ အကျယ်ရှိတစ်ခန်းလျှင် ကျပ်သိန်း ၉၀၊ စတုရန်းပေ ၅၀၀ အကျယ်ရှိတစ်ခန်းလျှင် ကျပ် ၁၁၅ သိန်း၊ စတုရန်းပေ ၆၀၀ အကျယ်ရှိ တစ်ခန်းလျှင်ကျပ်သိန်း ၁၄၀၊ စတုရန်းပေ ၇၅၀ အကျယ်ရှိတစ်ခန်းလျှင်ကျပ်သိန်း ၁၇၀၊ စတု ရန်းပေ ၉၀၀ အကျယ်ရှိ တစ်ခန်းလျှင်ကျပ်သိန်း ၂၀၀ သတ်မှတ်ထားပြီး အရစ်ကျငွေပေးချေနိုင်သည့် နှစ်ကာလကို ငါးနှစ်မှ၁၅ နှစ်အထိသတ်မှတ်ထားကြောင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စုံစမ်းသိရသည်။
မန္တလေးမြို့၌ အစိုးရဝန်ထမ်းများ၊ အငြိမ်းစားများအတွက် ၂၀၁၃ နှစ်ကုန်တွင်ရောင်းချခဲ့သောအခန်း ၁,၃၀၀ကျော်ရှိသည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ၊ ၂၀၁၆ မတ်လတွင် အရစ်ကျစနစ် ဖြင့် အခန်း ၄၃၀ ရောင်း ချခဲ့သော မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အပိုင်း(၁)နှင့် ၂၀၁၇ လွတ်လပ်ရေးနေ့တွင်ရောင်းချခဲ့သောအခန်း ၅၆၀ ပါ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာအပိုင်း (၂)၊ ၂၀၁၆ မတ်လတွင် ကျူးကျော်နေထိုင် သူများအတွက် အခန်းပေါင်း ၁,၅၀၀ ကျော်ပါပြီး တစ်လသုံးသောင်းကျပ်ဖြင့် ငှားရမ်းခဲ့သော အငှားအိမ်ရာ အပါအဝင် အိမ်ရာ စီမံကိန်းစုစုပေါင်းလေးခုရှိပြီဖြစ်သည်။
Ref : Myanmar Builders Guide
Photo Credit : Mizzima
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties