By မင်းသုအောင်၊ဝေမာထွန်း, Shweproperty.com
Updated at 9 January 2013
အနှစ် ၂ဝ အရစ်ကျပေးသွင်းရုံဖြင့် အလုပ်သမားများ အိမ်ပိုင်ဆိုင်နိုင်မည့် စီမံကိန်းကို ရန်ကုန်၊ မန္တလေး၊ ပုသိမ် စသောမြို့များတွင် အကောင်အထည် ဖော်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
''အဲဒီ စီမံကိန်းတွေကို ၂ဝ၁၅ မတိုင်မီ တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်သွားမယ်''ဟုအထက်ပါပုဂ္ဂိုလ်က ဆိုသည်။
လက်ရှိတွင် ဖေဖော်ဝါရီမှ စတင်ကာ ရန်ကုန်သာကေတရှိ နိုင်ငံတော်ပိုင် ဆိပ်ကမ်း နယ်မြေ တွင် ၁၈ထပ် တိုက် ၆၄ လုံး၊ အခန်းပေါင်း ၁၇၄ဝဝ ခန့် ပါဝင်သော စီမံကိန်းကို ပြည်တွင်းကုမ္ပဏီ ၂ဝ အား စတင်တည်ဆောက် စေမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ''အစိုးရက မြေအလကားပေး မှာပေါ့ဗျာ၊ ဒါပြီးရင် လမ်း ၅ဝ တို့၊ အရင် လင့်လမ်းတို့မှာရှိတဲ့ အိမ်အို၊ အိမ်ဟောင်းတွေမှာလည်း ညှိနှိုင်းပြီး အထပ် မြင့်ဆောက်မယ်။ ပြီး ရင် ဒါတွေမှာလည်း အရစ်ကျ ဝယ်ယူနိုင်ဖို့ လုပ်သွား မယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့၌ စီမံကိန်းအရ အရစ်ကျဝယ်ယူနိုင်မည့် အိမ်ရာများအား တည်ဆောက်ပြီးပါက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲအပ်ကာ အရစ်ကျဝယ်ယူနိုင်မည် ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီးဌာန မှ သိရသည်။ ''ရန်ကုန်မှာ ဝန်ထမ်း ၄ဝဝဝဝ လောက်အိမ်ပိုင်ဆိုင်အောင် လုပ် သွားမယ်။ လတ်တလော အရစ်ကျ ငွေကို ကျပ်တစ်သိန်းလောက် ပေးသွင်းနိုင်ဖို့ လုပ်ထားတယ်။ ဒီပမာဏ မတတ်နိုင်လည်း တစ်မျိုးပေါ့ကွာ''ဟုဦးစိုးသိန်းက ထပ်မံပြောသည်။
နိုင်ငံတော်က နှစ်ရှည်ချေးငွေ ဖြင့် ထုတ်ချေးမည့်ငွေကြေးဖြင့်ပင် ရန်ကုန် အပါအဝင်မန္တလေး၊ ပုသိမ်၊ မော်လမြိုင်ကဲ့သို့သော မြို့ကြီးများ ၌ပါ ဆက် လက်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လိုအပ်ပါက စင်ကာပူကဲ့သို့ သော ပြည်ပနိုင်ငံမှ ကုမ္ပဏီများဖိတ်ခေါ်၍ တည်ဆောက် ခိုင်းမည်ဟု သမ္မတရုံးမှသိရသည်။
ထို့အပြင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြန်မာနိုင်ငံ အနှံ့အပြားတွင် အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်နိုင်ရေးကို နှစ် နှစ်ဆယ်စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေပြီး ၂ဝ၁၁ ခုနှစ်အား စီမံကိန်း စတင် သည့်နှစ်အဖြစ် သတ်မှတ်ထား၍ ၂ဝ၃၁ ခုနှစ်တွင် အိမ်ခန်းပေါင်း တစ်သန်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ အိမ်ခန်းပေါင်းတစ်သန်း တည် ဆောက်နိုင်ရေးအတွက် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနအပြင် ရန်ကုန်စည်ပင်၊ မန္တလေး စည်ပင် စသည့် ဌာနပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဒဂုံဆိပ်ကမ်းတွင် အိမ်ခန်း ပေါင်းနှစ်သောင်း ဝန်းကျင်အကောင် အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက် ရှိသည်ဟု အဆိုပါ ဌာနမှ (မြို့ပြနှင့် ဒေသစီမံကိန်းဌာနခွဲ) ဒုတိယညွှန် ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
နှစ်နှစ်ဆယ် စီမံကိန်းကို ငါး နှစ်ကာလစီ ပိုင်းဖြတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမငါးနှစ်တွင် အိမ်ခန်းပေါင်း တစ်သိန်း တည်ဆောက်သွားမည်ဟု ၎င်းထံမှ သိ ရသည်။ ရန်ကုန်မြို့၌ အိမ်ရာစီမံ ကိန်းလေးခုကို စီမံကိန်းပထမ ငါး နှစ်၏ နောက်ဆုံးနှစ်ဖြစ်သော ၂ဝ၁၅ တွင် အပြီးတည်ဆောက်နိုင် ရန် ရန်ကုန်စည်ပင်မှ ကန်ထရိုက် ခေါ်ယူထားကြောင်း သိရသည်။ ရန်ကုန်စည်ပင်မှ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ဗိုလ်ဗထူးလမ်းတွင် ဗိုလ် ဗထူးအိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင်လမ်းတွင် ဗိုလ်မင်း ရောင်အိမ်ရာ စီမံ ကိန်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ဧရာဝဏ်လမ်း နှင့် ပြည်ထောင်စုလမ်း တွင် ဧရာ ဝဏ် အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ် မင်းရဲ ကျော်စွာလမ်းတွင်မင်းရဲကျော်စွာ အိမ်ရာ စီမံကိန်းတို့ကို ၂ဝ၁၅ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားကြောင်း သိရသည်။
ယင်းအပြင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အစိုးရဝန်ထမ်းများအား ဦးစားပေး စနစ်ဖြင့် အငှားချအိမ်ရာများ တည် ဆောက်ပေးနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲနေကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန က ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံ ကိန်းတို့ တည်ဆောက်ရန် မကြာမီ တင်ဒါခေါ်သွားမည် ဖြစ်ပြီး တစ်ခန်း ၏ တန်ဖိုးကို ကျပ်သိန်းတစ်ရာမှ တစ်ရာ့ငါးဆယ်အတွင်း တွက်ချက်ထားသည်ဟု သိရသည်။
ထို့အပြင် ဆောက်လုပ်ရေးဝန် ကြီးဌာနက တည်ဆောက်သော တန်ဖိုးနည်း တိုက်ခန်းများကို အခြေခံလစာနည်းသော အစိုးရဝန် ထမ်းများ၊ လစာနည်း ကုမ္ပဏီဝန်ထမ်းများအပြင် သာမန် ပြည်သူများပါ ဝယ်ယူနိုင်မည်ဟု ထုတ် ဖော် ပြောဆိုခဲ့သည်။
Ref : Popular News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties