By The Kumudra, Shweproperty.com
Updated at 27 September 2016
အိမ်ရာတိုက်ခန်းတွေကို ဘဏ်ချေးငွေနဲ့ ရောင်းချတဲ့ ချေးငွေသက်တမ်းကို ပုဂ္ဂလိက ဈေးကွက်မှာလည်း သက်တမ်းတိုးပြီး နှစ်ရှည်နဲ့ ရောင်း ချတာတွေ ရှိလာပါတယ်။
ဘဏ်ကနေ ချေးငွေနဲ့ အိမ်ရာဝယ်ယူသူတွေ ပြန်လည်အကျေပေးဆပ်ရမယ့် ကာလကို ရှစ်နှစ်မှ (၁၅) နှစ်အတွင်း တိုးမြှင့်ပေးဖို့ စီစဉ်နေပြီလို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေ ပြောထားတာပါ။ ပြင်ပဈေးကွက်မှာလည်း နှစ်ရှည်အဖြစ် (၁၄) နှစ် (၁၅) နှစ်တွေနဲ့ အိမ်ရာတိုက်ခန်း ကွန်ဒိုတွေကို ရောင်းချလာကြတယ်လို့ ဈေးကွက်အတွင်းက သိရတယ်။
"ဌာနဆိုင်ရာတွေက ဘဏ်ချေးငွေကို ၁၅ နှစ်အထိ တိုးမြှင့်ပေးနိုင်ဖို့ စီစဉ်နေတုန်းရှိသေးတယ် ၊ ပြည်ပဈေးကွက်မှာက အရင်စနေပြီ ၊ အများစု ကကတော့ လေးနှစ် ၊ ငါးနှစ်တွေနဲ့ ရောင်းတာမျိုးတွေ ရှိတယ် ၊ ဒီလိုရောင်းတာတွေကလဲ ပြောရမှာပဲ" လို့ ဝါရင့်အကျိုးဆောင် ဦးမောင်မောင် က ပြောပါတယ်။
တချို့ကလည်း အစိုးရက လုပ်ဆောင်တာက ယုံကြည်စိတ်ချရပြီး အရှုပ်အရှင်းကင်းပေမဲ့ ပြင်ပဈေးကွက်မှာ ရောင်းချနေ တာတွေကိုတော့ ပြသနာအရှုပ်အရှင်းမဖြစ်အောင် တိကျမှုတွေရှိဖို့ လိုအပ်တယ်လို့လည်း အကျိုးဆောင်နဲ့ ရှေ့နေတချို့က ပြောပါတယ်။ ရောင်းချသူရော ဝယ်ယူသူအတွက်ပါ တိကျသေချာဖို့နဲ့ စာချုပ်စာတမ်းကို သေချာအောင် လုပ်သင့်တယ်လို့ သိရပါတယ်။
အစိုးရက ရောင်းချနေတဲ့ အရစ်ကျအိမ်ရာဝယ်ယူသူတွေကို ပထမအရစ် (၃၀) ရာခိုင်နှုန်းပေးသွင်းစေပြီး ကျန် (၇၀) ရာခိုင်နှုန်းကို ဘဏ်ချေးငွေ ရယူပါက ရှစ်နှစ်အတွင်း အကြေပေးသွင်းစေတဲ့ စနစ်နဲ့ ရောင်းချပေးနေတယ်လို့ အိမ်ရာဝယ်ယူသူတွေဆီက သိရပါတယ်။ သည်လိုရှစ်နှစ် အတွင်းမှာ ငွေအကြေပြန်လည်ပေးသွင်းတဲ့အခါ တစ်လကို ငွေကျပ် သိန်းဂဏန်းနဲ့ ပေးချေနေရတာ ဖြစ်တဲ့အတွက် မိသားစုနည်းတဲ့သူတွေအတွက် ထိခိုက်မှုမရှိပေမဲ့ မိသားစုများတဲ့သူတွေအဖို့တော့ အဆင်မပြေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
"သက်သာတဲ့အတိုးနှုန်းနဲ့ ဆိုရင်တော့ ကောင်းပါတယ်၊ ဒါပေမဲ့ အစိုးရရဲ့ အတိုးနှုန်းကိုတောင် နိုင်ငံတကာနဲ့ ယှဉ်ရင် မြင့်နေတယ်လို့ ဝေဖန်တာတွေ ရှိနေတာ၊ ပြင်ပပုဂ္ဂလိက လုပ်တာဆိုတော့ ဝယ်သူတွေအနေနဲ့ အဝယ်ခင်ကတည်းက သေချာစိစစ်ပြိး စုံစမ်းပြီးမှ ဝယ်သင့်တယ်၊ ဘဏ်တွေနဲ့ သက်သာတဲ့ အတိုးနှုန်းတစ်ခုနဲ့ သွားမယ်ဆိုရင်တော့ အိမ်ရာလိုအပ်နေသူတွေအတွက် အဆင်ပြေတာပေါ့" လို့ ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်ကပြောပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties