By Aye Sandar, Shweproperty.com
Updated at 11 February 2021
ခမ်းနားကြီးကျယ်တဲ့ တိုက်အကောင်းစားကြီးမှမဟုတ်၊ တိုက်ခန်းကျဉ်းကျဉ်းဖြစ်နေပါစေ အိမ်ကျက်သရေနဲ့အညီ ပြင်ဆင်မွမ်းမံတတ်ဖို့အရေးကြီးပါတယ်။ အိမ်ရဲ့ အကျယ်အဝန်းသည် ပဓာနမကျဘဲ သင့်အိမ်လေး နေချင်စဖွယ်ဖြစ်စေမည့် အပြင်အဆင်များကို လေ့လာထားသလောက် တင်ပြပေးလိုက်ပါသည်။ ၁။ အိမ်သုတ်ဆေးအရောင် အိမ်ခန်းအတွင်းပိုင်းနံရံအရောင်ရွေးချယ်ရာတွင် အိမ်ရှေ့ဝင်ပေါက်တွင် သုံးထားသော ဆေးရောင်နှင့်လိုက်ဖက်မည့် ကာလာကိုရွေးချယ်သုံးသင့်ပါသည်။ အကယ်၍ နံရံကပ်အလှ Wallpaper များ သုံးရတာ ကြိုက်နှစ်သက်သူဆိုရင်လည်း အိမ်ရှေ့ဧည့်ခန်းမျက်နှာစာနှင့် ကိုက်ညီသည့် Wallpaperမျိုး ရွေးချယ်ကပ်သင့်ပါသည်။ ၂။ အလှဓာတ်ပုံများချိတ်ဆွဲခြင်း ကော်ဖီဆိုင်ခန်းများတွင်လည်း လှေကားအတက်အဆင်း အနီးတစ်ဝိုက်တွင် ဓာတ်ပုံဘောင်များ ချိတ်ဆွဲအလှဆင်လာကြတာကို တွေ့ရမှာပါ။ သို့ပေမယ့် မိမိအိမ်နေရာအကျယ်အဝန်းပေါ်မူတည်ပြီး မိသားစု ဓာတ်ပုံဖြစ်ဖြစ်၊ ပန်းချီကားဖြစ်စေ ချင့်ချိန်ကာ ချိတ်ဆွဲသင့်ပါသည်။ အကယ်၍ အိမ်ကကျဉ်းမြောင်းတယ်ဆိုရင်တော့ ဓာတ်ပုံဘောင်များ ပြည့်နှံ့နေအောင် ချိတ်ဆွဲခြင်းထက် လှေကားလက်ရန်း၊ လှေကားထစ်များကို ဆေးရောင်ပြန်လည်သုတ်ပေးခြင်းက ပိုလိုက်ဖက်စေမှာပါ။ ၃။ အသစ်လဲလှယ်ခြင်းထက် Recycle ပြန်လုပ်ပါ Recycle လုပ်ခြင်းဖြင့် ကုန်ကျမှုစရိတ်ကို လျှော့ချပေးနိုင်ရုံသာမက အသုံးမလိုတဲ့ ပစ္စည်းများကိုလည်း ပြန်လည်ထိန်းသိမ်းရာ ရောက်ပါတယ်။ ဉပမာ ဆေးပြန်သုတ်ပေးတာမျိုး၊ အရောင်ပြန်တင်ပေးတာမျိုး၊ ကော်ဇောခင်းတာဆိုရင်လည်း ပုံမှန် တစ်လတစ်ခါ ဒါမှမဟုတ် ၂ပတ် တစ်ခါလောက်လျှော်ဖွတ်လဲပေးတာမျိုးတွေပြုလုပ်ပြီး သစ်လွင်မှုကိုရရှိစေရန်အလွယ်တကူ ဖန်တီး ပြောင်းလဲယူနိုင်ပါတယ်။ ၄။ အလင်းရောင် ကောင်းကောင်းရပါစေ ဒီနေရာတွင်လည်း ဖုန်းရွှေရဲ့ နည်းလမ်းကို ပစ်ပယ်၍မရပေ။ လှေကားထစ်များသည် အိမ်အပြင်တံခါးပေါက်သို့ တိုက်ရိုက်ဦးတည်သွားပါ အလင်းရောင် ကောင်းကောင်းရဖို့ လိုအပ်ပါသည်။ အိမ်ထဲသို့ ကောင်းမွန်သော ချီစွမ်းအင်များ လှေကားမှတစ်ဆင့်ဝင်ရောက်လာနိုင်သည်ဟု မှတ်ယူပုံရသည်။ အကယ်၍ အလင်းရောင်ကောင်းကောင်းမရပါက အလှမီးဆိုင်းများ၊ မီးသီးများချိတ်ဆွဲထားနိုင်ပါတယ်။ လှေကားထစ်အောက်ခြေနဲ့ အပေါ်ထပ်တွင် မီးအိမ်ထားခြင်းရဲ့ အဓိပ္ပာယ်ကတော့ “ပျော်စရာအိမ်လေးမှ ကြိုဆိုပါ၏” ဟူ၍ ဖြစ်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နေအိမ်အလှကို ဖျက်ဆီးစေနိုင်သော အသုံးအဆောင်ပစ္စည်းများ အခန်းတွင်းလေထုညစ်ညမ်းမှုအန္တရာယ်နဲ့ အထိရောက်ဆုံးကာကွယ်နည်း မိမိအိမ်ရာဝင်းအတွင်း အပင်စိုက်ပျိုးထားသူများ သတိပြုစရာအချက် ၁၀ ချက် နေချင်စဖွယ်အခန်းလေးနောက်ကွယ်က လျှို့ဝှက်ချက် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties