By Dailydemocracytoday, Shweproperty.com
Updated at 18 December 2018
နိုင်ငံတကာအဆင့်မီ အဆောက်အအုံ များ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းချုပ် (MCEA) နှင့်မြန်မာနိုင်ငံလိုင်စင်ရ ကန်ထ ရိုက်တာများအသင်းချုပ် (MLCA) တို့နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲ ကို ဒီဇင်ဘာ၁၆ရက်က ရန်ကုန် မြို့ရှိ SkyStar ဟိုတယ်တွင်ပြုလုပ် ခဲ့သည်။
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းက "အခုဆောက်လုပ်ရေးလုပ်ငန်းအားလုံး အစာမကြေဘဲနဲ့ဗိုက်ခွဲရမယ့် အဆင့်ကိုရောက်နေတဲ့ အနေအထားရှိပါတယ်။ကျွန်တော်တို့ ဒီအဖွဲ့တွေအားလုံး ပူးပေါင်းပြီးတော့မှ ဈေးကွက်တွေ ပြန်ကောင်းလာအောင် ယုံကြည်မှု တွေပြန်ရလာအောင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ကဦးဆောင် ရေးဆွဲပြီး အောင်မြင်သွားတဲ့ ကွန်ဒို မီနီယံဥပဒေလည်း ပြီးသွားပြီဖြစ်တဲ့အတွက်အဲဒီပေါ်မှာ အခြေခံမယ်။ နောက်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း ချုပ်ကရေးဆွဲနေတဲ့ Apartment Law ပါပြီးမယ်ဆိုရင် လုပ်ငန်းရှင် အတွက်ရော၊ ဝယ်ယူသုံးစွဲသူတွေ အတွက်ရော၊ နိုင်ငံခြားကလာလုပ်မယ့် ရင်းနှီးမြှုပ်နှံသူတွေအတွက်ရောခိုင်မာပြီး ယုံကြည်မှုရှိ ပြီးအကျိုးပိုရှိမယ်ထင်ပါတယ် " ဟု ပြောသည်။
ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာဥပဒေများရေးဆွဲရာတွင်လည်းပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ MoU ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA)မှ အထွေထွေအတွင်း ရေးမှူးဦးမျိုးမြင့်ကပြောသည်။
"ဆောက်လုပ်ရေး Industry တစ်ခုထဲမှာရှိတဲ့ အသင်းအဖွဲ့နှစ်ခု ဖြစ်လို့ အသင်းအဖွဲ့တွေအားလုံး ရှေ့လျှောက် ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော် တည်ဆောက်ရေးလုပ် ငန်းတွေဆောင်ရွက်တဲ့အခါမှာ ကန် ထရိုက်တာ တွေ၊ Developer တွေ အားလုံးတစ်ဦးနဲ့တစ်ဦး ကူညီဆောင်ရွက်သွားနိုင်ဖို့ပူးတွဲဆောင် ရွက်သွားမှာဖြစ်ပါတယ် ဆောက်လုပ်ရေးနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ပူးပေါင်းဆောင်ရွက်မယ်။ သက်ဆိုင်တဲ့ဥပဒေတွေမှာလည်းပူးပေါင်းဆောင်ရွက်လို့ရပါတယ်ဟု၎င်းကပြောသည်။
ဆောက်လုပ်ရေးဆိုင်ရာ အခက်အခဲများကို အတူတကွပူး ပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအဆင့်မီ အဆောက် အအုံများပေါ်ထွက်လာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေး နွေးပွဲများကို လုပ်ဆောင်သွားမည့် အပြင် ဆောက်လုပ်ရေး ှုညိကျအမပ တစ်ခုထဲတွင်ရှိသော ညီနောင်အ သင်းအဖွဲ့အချင်းချင်းပူးပေါင်း ကာ ဆောက်လုပ်ရေးကဏ္ဍနယ် ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း MLCA ၏အတွင်းရေးမှူးဦးသက်ကိုကိုက ပြောသည်။
Ref & Photo Credit : Dailydemocracytoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties