By Myanmar Builders Guide, Shweproperty.com
Updated at 24 January 2019
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတကာ အဆင့်မီ တန်ဖိုးနည်းအိမ်ရာနှင့် အဝေးပြေးယာဉ်ရပ်နားစခန်းကြီးတစ်ခုအား မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားကြီးနှင့် လေးမိုင်ခန့်အကွာ အာရှလမ်းမကြီးဘေး အေးသုခကျေးရွာအနီး၌ ဇန်နဝါရီ ၂၂ ရက် မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို Stepping Stone ကုမ္ပဏီမှ စိမ်းလဲ့မြိုင်တန်ဖိုးနည်းအိမ်ရာအမည်ဖြင့် လည်းကောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းကြီးကို လည်းကောင်း ကရင်ပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် မြဝတီမြို့ အာရှလမ်းမကြီးနံဘေး အေးသုခကျေးရွာအနီးရှိ မြေ ၄၈ ဧကပေါ်၌ ငါးနှစ်စီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကြီးအား Stepping Stone ကုမ္ပဏီမှ ကျပ်ဘီလီယံ ၂၀၀ ကျော် အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း၌ ပန်းခြံ၊ ဈေး၊ ဆေးပေးခန်းနှင့် အပန်းဖြေကြည့်ရှုရန်အတွက် ရုပ်ရှင်ရုံများကိုပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties