By လဲ့မို့, Shweproperty.com
Updated at 13 March 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် မြေကွက်တွေကို ညွန်ကြားချက်ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ပြန်လည်ရောင်းချမှ များပြားလာတယ်လို့ သိရပါတယ်။‘ထုတ်ပြန်ချက် ထွက်လာပြီးနောက် ပြန်ရောင်းချတာတွေရှိသလို ခြံစည်းရိုး မခတ်ရသေးဘဲ မျက်မြင်နဲ့ပဲ ရောင်းတာရှိတယ်၊ အဆောက်အအုံတွေ ဆောက်ပြီး ပြန်ရောင်းတာတွေလဲရှိတယ်’ လို့ ရွေပြည်သာမှ စက်မှုဇုန်အကျိုးဆောင်တစ်ဦးက ပြောပါတယ်။စက်မှုဇုန်တွေမှာ မြေကွက် ဝယ်ယူထားသူတွေအနေနဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်ကာ ခြံစည်းရိုးခတ်တာနဲ့ စက်ရုံတည်ဆောက်တာတို့ကို ဆောင်ရွက်ရမယ်လို့ ဆောက်လုပ်ရေးဝန်းကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကနေ ညွန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။၎င်းထုတ်ပြန်ချက်ကို လိုက်နာမှုမရှိပါက စက်မှုဇုန်မြေဝယ်ယူခွင့်ကို ပယ်ဖျက်ကာ ပေးသွင်းထားတဲ့ စက်မှမြေကွက်တန်ဖိုးကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်လည်ထုတ်ပေးမှာဖြစ်ပြီး စက်မှုလုပ်ငန်း အမှန်တကယ် လုပ်ကိုင်မယ့် လုပ်ငန်းပိုင်ရှင်တွေကို ပြန်လည်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။သတ်မှတ်ကာလအတွင်း ခြံစည်းရိုးခတ်ဖို့နဲ့ စက်ရုံအဆောက်အအုံ တည်ဆောက်ဖို့ ညွန်ကြားထားတဲ့ စက်မှုဇုန်တွေက လှိုင်သာယာမြို့နယ်က လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ရွေပြည်သာမြို့နယ်က ဝါးတရာစက်မှုဇုန်၊ မှော်ဘီမြို့နယ်က မြောင်းတကာသံမဏီ သံရည်ကျိုစက်မှုဇုန်၊ သန်လျင် သီလဝါစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်က ဒဂုံအရှေ့စက်မှုဇုန်၊ ဒဂုံအရှေ့စက်မှုဇုန်အပိုင်း(၂)တို့ ဖြစ်တယ်လို့ သိရပါတယ်။သည်ညွန်ကြားချက်နဲ့ ပတ်သတ်ပြီး လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ ရွှေလင်ပန်း စက်မှုဇုန်တွေက အခြေကျပြီးသားစက်မှုဇုန်တွေ ဖြစ်တာကြောင့် ဈေးကျမှုမရှိပေမဲ့ သီလဝါစက်မှုဇုန်က ဈေးကျသွားတယ်လို့ သိရပါတယ်။ အရင်က ကျပ်သိန်း ၂၇၀၀၀ လောက်ကနေ အခုအခါ သိန်း ၁၅၀၀ နဲ့ ၁၇၀၀၀ ကြားသာ ရှိတော့တယ်လို့ သိရပါတယ်။Source : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties