By Mizzima Burmese, Shweproperty.com
Updated at 5 December 2018
ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများတွင် ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဦးများကို ရှင်းလင်းပေးထားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
ဒီဇင်ဘာလအတွင်း၌ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်မြို့နယ်များရှိ နောက်ဖေးလမ်းကြား များကို အမှိုက်သိမ်းရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ခြင်းကြောင့် “နောက်ဖေးလမ်းကြားများအတွင်း ကျူးကျော်တည်ဆောက်ထားသောအဆောက်အဦများ၊ အမိုးအကာများကို ကြိုတင်ရှင်းလင်းထားကြရန်နှင့် စည်းကမ်းမဲ့အမှိုက်များ ထပ်မံမစွန့်ပစ်ကြရန်အသိပေးပါသည်” ဆိုသည့် သတိပေးစကားကို စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပွင့်လင်းရာသီ နောက်ဖေးလမ်းကြား အမှိုက်သိမ်းဆည်း ရှင်းလင်းမှုများကို ဒီဇင်ဘာ ၄ရက်ကစတင်ကာ ကြည့်မြင်တိုင်မြို့နယ်၌ စတင် လုပ်ဆောင်ခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နောက်ဖေးလမ်းကြားရှိ အမှိုက်များ သိမ်းဆည်းမှုများ အပြင် လမ်းကြား၌ ရှိနေသည့်သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း ၊ ကျူးကျော်နေအိမ်များ ဆိုင်ခန်းများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအစီအစဉ်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ၊ ရပ်ကွက်နေပြည်သူများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန် မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ရှင်းလင်းပေးထားပြီး ဖြစ်သည်။
Ref & Photo Credit : Mizzima Burmese
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties