By Social Media, Shweproperty.com
Updated at 21 August 2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျုးကျော်နေထိုင်သူများကို ကျပ်နှစ်ဆယ့်ငါးသိန်းမှ ကျပ်သိန်းသုံးဆယ်ကြားနှုန်းဖြင့် ရောင်းချမည့် တန်ဖိုးနည်း အိမ်ရာတည်ဆောက်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသို့ လာမည့် စက်တင်ဘာလ တွင် EOI ( စိတ်ဝင်စားမှုအဆိုပြုလွှာ) ခေါ်ယူရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)က မြေစိုက်ထုတ်ကာ ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများအပြင် ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများကိုပါ တည်ဆောက်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“မြေပြီးတာနဲ့ ကန့်သတ်ချက်တွေရှိတယ်။ ဘယ်နှစ်လအတွင်းပြီးအောင်ဆောက်ရမယ်။ မြေယူထားပြီး နောက်မှဆောက်မယ်ဆိုတာ လုပ်လို့မရဘူး ” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကဆိုသည်။
ကျူးကျော်များအတွက် တည်ဆောက်မည့် အိမ်ရာများတွင် မြေတန်ဖိုး ထည့်သွင်းထွက်ချက်ခြင်းမပြုဘဲ (၁၅× ၃၀ ပေ) ကျယ်ဝန်းသည့် တန်ဖိုးနည်း အိမ်ရာများကို ကျပ် နှစ်ဆယ့်ငါးသိန်းမှ ကျပ်သိန်းသုံးဆယ် ကြားရောင်းချရမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူးဦးသန်းက ဆိုသည်။
လက်ရှိတွင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ကျူးကျော်အဆောက်အဦး တစ်သိန်းခွဲခန့်ရှိသည့်အတွက် တန်ဖိုးနည်းအိမ်ရာအလုံးပေါင်း တစ်သိန်းခွဲခန့်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
Ref : Social Media
Photo Credit : Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties