By The Voice Weekly, Shweproperty.com
Updated at 24 September 2012
မန်မာနိုင်ငံ ရန်ကုန်မြို့နှင့် အခြားအချက်အချာကျသောမြို့များ၌ မြေဈေးများကြီးမြင့်နေခြင်းကို ထိန်းချုပ် ရန်လိုအပ်သည်ဟု ရင်းနှီးမြှုပ်နှံသူများ က ပြောကြားကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းတွင် ဖော်ပြထားသည်။
မန်မာနိုင်ငံတွင် မြေဈေးများကြီး မြင့်နေခြင်းသည် စက်ရုံကဲ့သို့သော ကုန်ထုတ်လုပ်ငန်းနှင့် အိမ်၊ ခြံ၊ မြေလုပ်ငန်း များ တိုးချဲ့လုပ်ကိုင်လိုသည့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို အခက်အခဲဖြစ်စေကြောင်း ရင်းနှီးမြှုပ်နှံသူများ က ပြောကြားသည်။
မန်မာအစိုးရအနေဖြင့် မြေဈေးနှုန်းကို ထိန်းချုပ်သည့်အစီအမံများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီး ယင်းကဲ့ သို့ မပြုလုပ်ခဲ့ပါက မြန်မာအစိုးရ မျှော်မှန်းထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်နိုင်ခြင်းနှင့် အလုပ်အကိုင် ဖန်တီးမှုကို ဖြစ်စေမည်မဟုတ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
''မြန်မာနိုင်ငံရဲ့ ရောင်းလိုအားနိမ့်နေတဲ့အခြေအနေမှာ အိမ်၊ ခြံ၊ မြေ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ အခွင့်အလမ်းတွေ အများ ကြီးရှိနေပါတယ်။ ရန်ကုန်က ဟိုတယ်တွေ၊ ရုံးအဆောက်အအုံတွေကလည်း ၁၉၉ဝ ပြည့်နှစ်တွေက ဆောက်ထား တဲ့ဟာတွေပါ။ နောက်ထပ်အသစ်ထပ် ပြီး ရင်းနှီးမြှုပ်နှံထားတာမရှိပါဘူး'' ဟု ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော ရွှေတောင်လုပ်ငန်းအုပ်စု၏ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်၊ အမှုဆောင်အရာရှိ ချုပ်လည်းဖြစ်သူ ဦးအောင်ဇော်နိုင်က ပြောကြားကြောင်း နေးရှင်းသတင်းတွင် ဖော်ပြထားသည်။
အိမ်၊ ခြံ၊ မြေဈေးနှင့်ပတ်သက် ၍ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက် မှုမရှိသေးခင် မြေဈေးနှုန်းကို စည်းမျဉ်းများနှင့် ထိန်းချုပ်ဖို့လိုကြောင်း Myanmar Global Investment Forum ၌ Euromoney Conferences တွင် ၎င်းက ပြောကြားသည်။
မြန်မာအစိုးရမျှော်မှန်းထားသော အလုပ်အကိုင်များ ဖန်တီးရန်နှင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် အတွက် မြေဈေးမှာ အဓိကအတားအဆီး တစ်ခုဖြစ်နေကြောင်း ရိုးမမဟာဗျူဟာ ဦးပိုင်ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ ဖြစ်သူ Serge Pun က ပြောကြားသည်။
''မဖွံ့ဖြိုးသေးတဲ့အခြေအနေမှာ မြေကွက်တစ်ကွက်ဟာ ၁၉၉၅ ခုနှစ် လောက်က ကျပ်ငွေ သုံးသန်းလောက် ဈေးရှိရာက အခု ကျပ်သန်း ၄၅ဝ (ထိုင်းဘတ်ငွေ ၁၆ ဒသမ ၃ သန်း) ဈေးပေါက်နေတယ်'' ဟု ၎င်းက ပြောဆိုသည်။
ပုဂ္ဂလိကပိုင်မြေများကို အစိုးရသိမ်းယူပြီး စက်ရုံလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်ဆောင်ရွက်ပေးသင့်ကြောင်း Serge Pun က ပြောကြားသည်။
ထို့ပြင် ယခုနှစ်အတွင်း ရန်ကုန် မြို့၌ အဆောက်အအုံ၊ မြေငှားခလည်း မြင့်တက်သွားပြီး တစ်စတုရန်းပေကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၅ (ထိုင်းဘတ်ငွေ ၂ဝဝဝ) မှ အမေရိကန် ဒေါ်လာ ၁၅ဝ အထိပေးရကြောင်း Colliers International မှ ဒါရိုက်တာ Tony Picon က ပြောကြားသည်။
Source : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties