By မဇ္ဈိမ, Shweproperty.com
Updated at 21 May 2013
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ တွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာသည့် လုပ်ငန်းရှင်များ ဝယ်ယူမှုကြောင့် လက်ရှိတွင် လယ်ယာမြေများ အရောင်းအဝယ် မြင့်တက်လျှက် ရှိကြောင်း မြန်မာနိုင်င ံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ သိရသည်။
ထိုသို့ စိုက်ပျိုးရေးကဏ္ဍတွင်ရင်း နှီးမြှုပ်နှံရန် လယ်ယာမြေများကို ဝယ်ယူမှုများရှိသလို မြို့ဧရိယာနှင့် နီးသည့်လယ်ယာမြေများကိုမူ မြို့ဧရိယာ အတွင်းပါဝင် လာနိုင်မည်ကို မျှော်မှန်းပြီး ဝယ်ယူမှုများလည်း ရှိကြောင်း ရွှေကံမြေအိမ်ခြံမြေ ဝန်ဆောင်မှုကုမ္ပဏီမှ ဦးခင်မောင်အေးက ပြောသည်။
၎င်းက “လက်ရှိအနေအထားကတော့လယ်ဝယ်ရင် လယ်ပဲလုပ်ရမယ် ဆိုပေမယ့် မြို့ဧရိယာနဲ့ နီးတဲ့နေရာတွေက မြို့ဧရိယာချဲ့ရင်ပါသွားမယ်ဆို ပြီး မျှော်မှန်းပြီးဝယ်ကြတာရှိတယ်။ တချို့ကတော့ စိုက်ပျိုးရေးကို တကယ် ဦးတည်လုပ်ဖို့ စိတ်ဝင်စားလာတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေလဲ ရှိပါတယ်”ဟု ဆိုသည်။
အဆိုပါလယ်ယာမြေများအရောင်းအဝယ်ဖြစ်သည့်နေရာများမှာ ယုဇနဥယျာဉ်သို့သွားသည့် တံတားအဆင်း တဖက်တချက်ရှိလယ်ယာမြေများ၊ သီလဝါစက်မှုဇုံ အနီးတဝိုက်ရှိ လယ်ယာမြေများနှင့် ရန်ကုန်-ပဲခူး ကာလမ်းမဘေးရှိ လယ်ယာမြေများ ဖြစ်ပြီး ဈေးနှုန်းများမှာ တစ်ဧကလျှင်၂၅သိန်းမှသိန်း၃၀၀ကြား ရှိကြောင်း၊ မြို့ဧရိယာနှင့်နီးသည့် လယ်ယာမြေများမှာ သိန်း၁၀၀၀နီးပါးအထိ ဈေးနှုန်းများ မြင့်တက်သွားကြောင်း ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
၎င်းက “ပိုင်ဆိုင်မှုတွေ အပြည့်အဝပေးလာတဲ့ အခါကျတော့ စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ချင်စိတ်တွေ ရှိလာတယ်။ ဟိုတုန်းကဆိုရင် လူတယောက်က လယ်ယာမြေဝယ်ပြီး စိုက်ပျိုးရေး လုပ်မယ်ဆိုရင် ကိုယ်တိုင် လယ်ထဲဆင်းပြီး မလုပ်နိုင်တဲ့အခါ အဌားလုပ်ပေးတဲ့သူက ပြန်လုယူတာတို့ ပိုင်ဆိုင်အောင် လုပ်တာတို့ အဲ့ဒီပြသာနာတွေ ရှိတော့မဝယ်ရဲကြဘူး။ အခုကျတော့ ဂရံလောက်အထိ အောင်ခိုင်မာမှု ရှိသွားလို့ ဝယ်ရဲသွားပြီ။ဒီဥပဒေ ထုတ်လိုက်တဲ့ အတွက်ပိုပြီး အရောင်းအဝယ်ဖြစ် လာတာ ဖြစ်တယ်”ဟု သုံးသပ်ပြောကြားသည်။
Ref : မဇ္ဈိမ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties