By Messenger, Shweproperty.com
Updated at 30 March 2015
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ အလုံး (၂၀) တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းထွန်းက The Messenger Media သို့ ပြောသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ဥမ္မာဒန်္တီလမ်း အနီးရှိ မြေကိုး ဧကပေါ်တွင် တည်ဆောက် ပေးသွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ အဆိုပါ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ အလုံး (၂၀) တွင် (၁၆) ခန်းတွဲ သုံးထပ်တိုက် (၇) လုံး (၃၃၆ ယူနစ်)၊ ခြောက်ခန်းတွဲ လေးထပ် တိုက် (၈)လုံး (၁၉၂) ယူနစ်၊ နှစ်ခန်းတွဲ လေးထပ်တိုက် (၅)လုံး Shop House (၄၀) ယူနစ် ပါဝင်သည်။ အဓိက ကတော့ ပင်စင်စားတွေ၊ ဝန်ထမ်းတွေနဲ့ ဝင်ငွေနည်း မိဘ ပြည်သူတွေကို ဦးစားပေး ရောင်းချပေးမယ်။ ရောင်းချမယ့် အတိုင်းအတာ ကတော့ ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ ရွာနဲ့ အိုးအိမဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက တောင်းထားတဲ့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပြန်လည် ချထားပေးမယ်”” ဟု လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းထွန်းက ပြောသည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ စတင် တည်ဆောက်နိုင်ရန်နှင့် စီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီရှစ်ခုအား တိုင်းဒေသကြီး အစိုးရထံသို့ လာရောက် တွေ့ဆုံရန် ခေါ်ယူထားပြီး ဖြစ်ရာ ၂၀၁၆ ခုနှစ်၊ မတ်လအတွင်း နောက်ဆုံးထား တည်ဆောက်သွားရန် လျာထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဒီလို တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးတာ အဆင်မပြေတဲ့ ပင်စင်စား ဝန်ထမ်းတွေ အတွက် အရမ်း အထောက်အကူ ဖြစ်တာပေါ့။ များများ လုပ်ပေးလေ ကောင်းလေပဲ”” ဟု ပုသိမ်မြို့မှ ပညာရေး အငြိမ်းစား ဝန်ထမ်း တစ်ဦးက ပြောသည်။ ကန်ထရိုက်ယူ တည်ဆောက်မည့် ကုမ္ပဏီများ အနေဖြင့်လည်း အိမ်ရာများ ဆောက်လုပ်ရာတွင် တည်ဆောက်မှု စိစစ်ရေး ကော်မတီ၏ သတ်မှတ်ချက် စံချိန်စံနှုန်းများဖြင့် အညီသာ ဆောက်လုပ်ရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းထွန်းက ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း တန်ဖိုးနည်း ပြည်သူ့အိမ်ရာ စီမံကိန်းအား ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် သင်္ဃန်းကျွန်း မြို့နယ် တို့တွင်လည်း ဆောက်လုပ်သွားရန် စီစဉ်ထားပြီး၊ ဝင်ငွေနည်း ဝန်ထမ်းများနှင့် ပြည်သူများကို စိစစ်၍ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : Messenger
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties