ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း ဆောက်လုပ်ရန် A Logistics Co. , Ltd ထူထောင်လုပ်ကိုင်မည်
By Sint Sint, Shweproperty.com
Updated at 19 August 2020
ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း ဆောက်လုပ်ရန် A Logistics Co. , Ltd ထူထောင်လုပ်ကိုင်မည်
By Sint Sint, Shweproperty.com
Updated at 19 August 2020
ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း Ayeyarwaddy International Port (AIIP) ကို ပုသိမ်မြို့တွင် အကောင်အထည်ဖော် စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်စေရန်အတွက် နှင့် Ever Flow River Group Public Co နှင့် Ayeyar Hinthar Holdings Co., တို့ ဖက်စပ်လုပ်ငန်းအဖြစ် A Logistics Co. , Ltd ကို ထူထောင်ကြရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း Ever Flow River Group Public Co က ထုတ်ပြန်ကြေညာခဲ့သည်။
A Logistics Co. , Ltd တွင် Ever Flow River Group Public Co ၏ လက်အောက်ခံ Unison Choice Services Limited သည် ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို Ayeyar Hinthar Holdings Co., မှပိုင်ဆိုင်သည်။