By ကုမုဒြာ, Shweproperty.com
Updated at 2 July 2013
ယခုတစ်ပတ် ရန်ကုန်စက်မှုဇုန်ဈေးကွက်မှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုစမယ်ဆိုတဲ့ အသံတွေကြောင့် သီလဝါစက်မှုဇုန်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
‘သီလဝါစက်မှုဇုန်က နံပါတ်(၁) နေရာရောက်နေတယ်၊ အရမ်းကိုဟော့နေတာ၊ ၈ လပိုင်း၊ ၉ လပိုင်းမှာ ဂျပန်ပရောဂျက် စမယ်ဆိုတဲ့ အသံတွေကြောင့် ’လို့ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပါတယ်။
ဂျပန်ပရောဂျက်လာမယ်ဆိုတဲ့ အသံတွေကြောင့် ဂျပန်ပရောဂျက်နဲ့ အနီးစပ်ဆုံးနေရာတွေမှာ အရောင်းအဝယ်လိုက်နေတာ ဖြစ်ပါတယ်။
ဈေးတွေက အရင်ထက် သုံးလေးဆလောက် တက်သွားပြီး လမ်းမတန်းဆိုရင်တော့ ငါးဆလောက်အထိ တက်သွားတယ်လို့ သိရပါတယ်။
‘အကြမ်းဖျင်း လမ်းမတန်းမှာ တစ်ဧကကို သိန်း ၅၀၀၀ လောက်နဲ့ စက်မှုဇုန် ဆိုရင် သိန်း ၃၀၀၀ ဝန်းကျင်လောက်ရှိတယ်’လို့ ရွေကံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးကပဲ ဆက်ပြောပါတယ်။
တခြား စက်မှုဇုန်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ ဘက်တွေမှာတော့ ဈေးကစားသူတွေကြောင့် ဈေးတက်နေပေမဲ့ အရောင်းအဝယ်တွေမှာတော့ ဈေးကစားသူတွေကြောင့် ဈေးတက်နေပေမဲ့ အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းသာ ရှိတယ်လို့ သိရပါတယ်။
Ref : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties