By Sint Sint, Shweproperty.com
Updated at 4 January 2021
စစ်ကိုင်းတိုင်းအတွင်းပြည်ပနှင့်ဖက်စပ်လုပ်မည့်နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်လုပ်ငန်း၂ခုအပါအဝင် လုပ်သား၄၅၀၀နီးပါးအလုပ်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု ကို ရင်းနှီးမြှပ်နှံမှုကော်မရှင်MICက ယမန်နေ့ကခွင့်ပြုပေးလိုက်သည်။ ယမန်နေ့အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းပါ ခွင့်ပြုခဲ့သည်ဟုကော်မရှင်ကဆိုသည်။ ခွင့်ပြုလိုက်သည့်လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၈.၁၇၈ သန်းနှင့် ကျပ် ၁၀၉,၂၀၄ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၄၇၅ နေရာကို ဖန်တီးပေးနိုင်မည်ဟု ကော်မရှင်ကသိရကာ တနင်္သာရီတိုင်းထဲ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ရေငန်ပုစွန်မွေးမြူ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ၁ ခု လည်း ပါသည်ဟုသိရသည်။ ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution- NDC) ကို ယခုနှစ်မကုန်မီ ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရလည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက်အရ လည်းကောင်းကော်မရှင်ကခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၁၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၀၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၅၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်ဟုကော်မရှင်ကဆိုသည်။ နောက်ဆုံးရ သတင်းများ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်များ ပြန်လည်သိမ်းယူရန် ရန်ကုန်တိုင်းအစိုးရက စီစဉ်နေ မန္တလေးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဝန်ထမ်း လေးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာများ စီစဉ်ပေးနိုင်ခဲ့ YANGON AMATA SMART AND ECO CITY စီမံကိန်း ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည် Credit : Tharaye Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties