By 7daydaily, Shweproperty.com
Updated at 1 December 2015
ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်က ဦးဆောင်အ ကောင်အထည်ဖော်နေသောကန် ဒေါ်လာသန်း ၃၀၀ တန် မျိုးစုံ ပေါင်းစည်းထားသည့် Junction City စီမံကိန်းကို တည်ဆောက်ရာ တွင် မြန်မာအလုပ်သမားများကို သာ အများဆုံး ခန့်ထား လုုပ်ကိုင် မည်ဟု ကုမ္ပဏီအုပ်စုအမှုဆောင် အရာရှိချုပ် ဦးအောင်ဇော်နိုင်က ပြောသည်။
ပြည်တွင်း၌ တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်နေ သော နိုင်ငံခြားသားပိုင် ကုမ္ပဏီ များနှင့် နိုင်ငံခြားသား၊ နိုင်ငံသား အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေ သော ကုမ္ပဏီအချို့တွင် မြန်မာ အလုပ်သမားများအလုပ်အကိုင် အခွင့်အလမ်းမရရှိသည်ကို ကြုံ တွေ့နေရသည်။
သို့သော် Junction City စီမံ ကိန်းတွင် နိုင်ငံခြားသားများနှင့် ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်သည့် စီမံကိန်းဖြစ် သော်လည်း ပြည်တွင်းကန်ထ ရိုက်တာများကသာ ဦးဆောင် ထားသဖြင့် တည်ဆောက်ရေး လုပ်ငန်းများတွင် ၉၀ ရာခိုင်နှုန်း အထိ မြန်မာအလုပ်သမားများကို ခန့်သွားမည်ဟု ဦးအောင်ဇော်နိုင် က ပြောကြားသည်။
‘‘တည်ဆောက်မှုအကြံပေး တဲ့ အပိုုင်း၊ ထိန်းချုပ်တဲ့ အပိုင်း တွေမှာတော့ နိုင်ငံခြားသားတွေ ကို လတ်တလောခန့်ရလိမ့်မယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြော သည်။
နိုင်ငံခြားသား ၁၀ ရာခိုင်နှုန်း ခန့်ထားမှုတွင်လည်း ပြည်တွင်းမှ အင်ဂျင်နီယာများကို နည်းပညာ များလက်လွှဲသင်ကြားပေးရမည် ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆို ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျွမ်းကျင် လုပ်သားရှားပါးမှုပြဿနာသည် လက်ရှိအချိန်အထိ ဖြေရှင်းနိုင် ခြင်း မရှိသေးသဖြင့် နိုင်ငံခြား ကုမ္ပဏီများက ပြည်တွင်း အလုပ် သမားများထက် ပြည်ပအလုပ် သမားများသာ ခန့်ထားပေးရ ကြောင်း လှိုင်သာယာစက်မှုဇုန်မှ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက လည်း ပြောသည်။
လက်ရှိ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Junction City တည်ဆောက်ရေး စီမံကိန်းတွင်မူ လစတင်ချိန်၌ အ လုပ်သမား ၈,၀၀၀ ခန့်ထားပေး ပြီး လုပ်ငန်းလည်ပတ်လာပါက လုပ်သား ၄,၀၀၀ ခန့် ထပ်မံခန့် ထားမည်ဟု သိရသည်။
Junction City တည် ဆောက်ရေးစီမံကိန်းတွင် ရုံးခန်း များ၊ ဈေးဝယ်စင်တာများ၊ ဟို တယ်နှင့် အငှားအိမ်ရာစနစ်တို့ ပါဝင်သည်။ ယင်းစီမံကိန်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ၅၁ ရာခိုင်နှုန်း နှင့် ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီ တို့က ၄၉ ရာခိုင်နှုန်း အကျိုးတူပူး ပေါင်းဆောင်ရွက်နေသည်။
တည်ဆောက်ရေးစီမံကိန်း များတွင် ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပ ဏီ၊ Keppel Land ကုမ္ပဏီ၊ Pan Pacific Hotels Group တို့ ပူးပေါင်းတည်ဆောက်နေသည်။ စီမံကိန်းပထမအဆင့်ကို ၂၀၁၇ တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပြီး လက်ရှိအချိန်တွင် ၃၇ ရာခိုင်နှုန်း ခန့် တည်ဆောက်မှုပြီးစီးနေပြီဟု သိရသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties