By နီလာ, Shweproperty.com
Updated at 2 June 2014
ရန်ကုန်မြို့ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားရှိ Junction Square Compound အတွင်း ၁၉ ထပ်အမြင့်ရှိ Crystal Tower နှင့် ၂၁ ထပ်ရှိ Crystal Residences တို့ကို ရွှေတောင်ကုမ္ပဏီက ထပ်မံတည်ဆောက်လျက်ရှိသည်။
အဆိုပါ Crystal Tower နှင့် Crystal Residences တို့အား ကျွန်းတောလမ်းရှိ ယခင်ကားပါကင် နေရာတွင် ၂ဝ၁၄ ခုနှစ် နှစ်ဦးပိုင်းမှ စတင်၍ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ Crystal Tower တွင် နိုင်ငံတကာအဆင့်မီ ရုံးခန်းပေါင်း ၁ဝ၂ ခန်းပါဝင်ပြီး Crystal Residences တွင် နိုင်ငံတကာအဆင့်မီ အခန်းပေါင်း ၁၃၈ ခန်း ပါဝင်ဖွဲ့စည်းထားကြောင်း၊ swimming pool၊ Children's pool၊ Play Ground၊ Function Room၊ BBQ Area & Garden နှင့် Gym တို့ ပါဝင်ကြောင်းနှင့် Car Parking Service များအနေဖြင့် Crystal Tower နှင့် Crystal Residences တို့တွင် စုစုပေါင်း ကားအစီးရေ ၃၅၉ စီး အသုံးပြု ရပ်နားနိုင်မည်ဖြစ်ကြောင်း Shwe Taung Group မှ သိရသည်။
အဆိုပါ Crystal Tower နှင့် Crystal Residences တို့အား ကျွန်းတောလမ်းရှိ ယခင်ကားပါကင်နေရာတွင် ၂ဝ၁၄ ခုနှစ် နှစ်ဦးပိုင်းမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ရွှေတောင်အုပ်စု အနေဖြင့် Junction Square Shopping Centre အား ၂ဝ၁၂ ခုနှစ် မတ်အတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် Junction Square Compound သည် ကိုးဧကကျော် ကျယ်ဝန်းကာ Shopping Centre ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၃ဝဝဝဝ ကျော်တွင် ဆိုင်ခန်းပေါင်း ၃ဝဝ ကျော်နှင့် ရုပ်ရှင်ရုံသုံးရုံ ပါဝင်သည်။ ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် လုပ်ငန်းစတင်ခဲ့သည့် Junction Square Extension Project တွင် Multi Storey Car Parking, International Restaurant Zone, Junction Square Shopping Centre Extension(2 Storey), Crystal Tower နှင့် Crystal Residences တို့ပါဝင်ပြီး Junction Square Extension Project အားလုံး ပြီးစီးသွားပါက စုစုပေါင်း ကားအစီးရေ ၉ဝဝ ခန့် ရပ်နားနိုင်မည်ဟု သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties