By Myanmar Builders Guide, Shweproperty.com
Updated at 19 March 2019
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင်များ မျှော်လင့်နေသည့် နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့် လာမည့်ဇွန်လတွင် စတင်ခွင့်ပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။
ကွန်ဒိုတိုက်ခန်းများနှင့် ပတ်သက်၍ လက်ရှိတွင် စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်သူလိုင်စင်များ ချပေးနေသည်။ ထို့နောက် စုပေါင်းပိုင်အဆောက်အအုံခွင့်ပြုမိန့်နှင့် မှတ်ပုံတင်ခြင်းတို့ ဆက်လက် ဆောင်ရွက်ပြီးလျှင် နိုင်ငံခြားသားများသို့ ရောင်းချခွင့်ပြုပေးမည်ဟု ဦးမြင့်နိုင်က ပြောသည်။
"ဥပဒေ၊ နည်းဥပဒေအပြင်လုပ်ထုံး၊ လုပ်နည်းများအတွက် ပြင်ဆင်နေရတော့ အချိန်နည်းနည်းယူပြီး လုပ်နေရလို့ပါ" ဟု ဦးမြင့်နိုင်က ပြောသည်။
လက်ရှိတွင် ကွန်ဒိုတည်ဆောက်ခွင့်လိုင်စင်ကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၂၄ ခုက ရရှိထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများသို့ ကွန်ဒိုအဆောက်အအုံတစ်လုံး၏ ၄၀ ရာခိုင်နှုန်း ရောင်းချခွင့်ကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ပြဋ္ဌာန်းခဲ့သော ဥပဒေတွင် တရားဝင်ပြဋ္ဌာန်းခဲ့သည်။
သို့သော် လုပ်ထုံးလုပ်နည်းပိုင်းတွင် ညှိနှိုင်းဆောင်ရွက်မှုများလုပ်နေရခြင်းကြောင့် ယခုအချိန်ထိ နိုင်ငံခြားသားများသို့ ရောင်းချခွင့် မရရှိသေးဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။
ထို့အပြင် နိုင်ငံခြားသားများသို့ ၄၀ ရာခိုင်နှုန်း ရောင်းချခွင့်ပေးမည်ဖြစ်၍ ကွန်ဒိုဈေးကွက်တွင် ၄၀ ရာခိုင်နှုန်းခန့် အရောင်းအဝယ်ပိုများလာနိုင်မည် မျှော်လင့်ရကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties