By တင်ရတနာထွန်း, Shweproperty.com
Updated at 23 May 2014
မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည်ဆောက်လျက်ရှိသော ၂၉ ထပ်မြင့်Kabaraye Executive Residenceက အထပ်နိမ့်အခန်းများကို စတင်ရောင်းချပေးခဲ့ပြီးဖြစ်ပြီးတိုက်ခန်း ၆၀ ရာခိုင်နှုန်းခန့် ရောင်းချ ပြီးစီးခဲ့ကြောင်း ထိုအိမ်ရာရောင်းချရေးလုပ်ငန်း မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးအေးသွယ် ကပြောသည်။
"ဒီ ကွန်ဒိုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လက စတင် ဆောက်လုပ်ခဲ့ပြီး အခုမြေအောက်ခန်းက ၈၀ရာခိုင်နှုန်း တည်ဆောက်ပြီးနေပါပြီ။ အဆောက် အအုံစဆောက်တုန်းက အထပ်နိမ့်ဖြစ်တဲ့ ရှစ်ထပ်ကနေ ၁၆ ထပ်အထိ ရောင်းချ ခဲ့ပြီးပြီ။ အထပ်မြင့်တွေကို ဆက်လက်ရောင်းချ သွားမှာပါ"ဟု ဒေါ်အေးအေးသွယ်ကပြောသည်။
တိုက်ခန်းများကို နှစ်နှစ် အရစ်ကျရောင်းချ ပေးခြင်းဖြစ်ပြီး အကြွေးဝယ်ယူလိုပါက ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ကာ သုံးနှစ်မှ ငါးနှစ်အတွင်း အရစ်ကျဝယ်ယူနိုင်ကြောင်း ၎င်းကပြောသည်။
"အခန်းစဝယ်မယ်ဆိုရင် ၃၀ ရာခိုင်နှုန်း စပေးရမယ်။ အဲဒီ ၃၀ ရာခိုင်နှုန်းကို သုံးလ ခွဲသွင်းပေးရမှာပါ။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို တစ်လ သုံးရာခိုင်နှုန်း အချိုးနဲ့ လ ၂၀ ပေးရမှာ ပါ။ အခန်းအပ်ရင်၁၀ ရာခိုင်နှုန်းပေးရပါမယ်။ ဘဏ်နဲ့ဝယ်ချင်ရင်လည်း ကမ္ဘောဇဘဏ်နဲ့ချိတ် ပြီး သုံးနှစ်ကနေ ငါးနှစ် အတွင်း ပေးချေနိုင် တယ်"ဟု ၎င်းကပြောသည်။
ကားရပ်နားရန်နေရာအတွက် မြေအောက်ခန်းသုံးထပ်ကို ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပြီးပထမထပ်မှ ငါးထပ်မြောက်အထိ ဆိုင်ခန်းများပါဝင်မည် ဖြစ်သည်။ စုစုပေါင်း ကွန်ဒိုတိုက်ခန်း၁၁၄ ခန်းသာ ပါဝင်မည်ဖြစ်ပြီး ကလေး၊ လူကြီး ရေကူးကန်များ၊ အရေးပေါ် ကယ်ဆယ်ရေးအတွက်ရဟတ်ယာဉ်ကွင်းလည်း ပါဝင်မည်ဖြစ်သည်။
"ဒီ အိမ်ရာက ဘိုးဘွားပိုင်မြေပေါ်မှာဆောက် တာဆိုတော့ တခြားကွန်ဒိုတွေလိုမဟုတ်ဘဲ မြေပိုင်ဆိုင်မှုကို အခန်းဝယ်ယူသူတွေစုပေါင်း ရရှိနိုင်မှာပါ။ အဆောက်အအုံကို ငလျင်ဒဏ် နဲ့ မုန်တိုင်းဒဏ်တွေကိုခံနိုင်အောင် တည် ဆောက်ထားတာဖြစ်တယ်"ဟု ထိုအိမ်ရာ၏ နည်းပညာပိုင်းဆိုင်ရာအင်ဂျင်နီယာ ကိုဉာဏ် ကပြောသည်။
ထိုအိမ်ရာကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ တွင် အပြီးသတ် တည်ဆောက်နိုင်မည်ဖြစ်ကာ ရှစ်ထပ်မှ၁၆ ထပ်အထိ တစ်စတုရန်းပေ လျှင် ကျပ် ၃၀၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၇ ထပ်မှ ၁၉ ထပ်ထိ ကျပ်၃၇၀,၀၀၀ ခန့် ပေး ရမည် ဖြစ်သည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties