By စည်သူလင်းလက်, Shweproperty.com
Updated at 14 March 2017
ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း (၄၃၁၅) ပေ အမြင့်မှာတည်ရှိတဲ့ ကလောမြို့လေးကို အားလုံးက သိကြပါတယ်။ အေးမြငြိမ်း ချမ်းတဲ့ တောင်ပေါ်မြို့ကလေး၊ အင်္ဂလိပ်အစိုးရလက်ထက်ဘုရင်ခံများ၊ အစိုးရအရာရှိများ အနားယူ နေထိုင်နိုင်ဖို့ အထူးတည်ဆောက် ထားခဲ့တာကြောင့် ကိုလိုနီခေတ် လက်ရာအဆောက်အဦးလှလှလေးတွေရှိနေတဲ့မြို့ကလေး၊ ထင်းရှုးတောတွေနဲ့ပြည့်နှက်နေတဲ့ မနိမ့်မမြင့်တောင်ကုန်းလေးတွေ၊ လှေခါးထစ်စိုက်ခင်းစိမ်းစိမ်းလေးတွေနဲ့လှနေတဲ့မြို့ကလေး၊ မြေသြဇာကောင်းပြီး အသီးအရွက်များ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့မြို့ကလေးစသည်ဖြင့် ဝိသေသကောင်းတွေ ရှိနေတဲ့ကလောက နိုင်ငံတကာခရီးသွား ဧည့်သည်တွေ၊ ပြည်တွင်းခရီး သွားဧည့်သည်တွေကိုအမြဲလိုလိုစွဲဆောင်နေပါတယ်။ကလောမြို့ ဝန်းကျင်မှာ သဘာဝတရားနဲ့ ရှေးဟောင်းယဉ်ကျေးမှု လက်ရာတွေ ရောယှက်ဖွဲ့တည်ထားတဲ့ ရွှေဥမင်သဘာဝလိုဏ်၊ မြင်းမထိလှုဏ်ဂူစတဲ့သဘာဝလှိုဏ်ဂူကြီးများ၊ ဝါးနှီးနဲ့ ယက်လုပ် တည်ဆောက် ထားတဲ့ နှီးဘုရားရုပ်ပွားတော်ကြီး၊ ဂေါ်ရခါးလူမျိုးများနေထိုင်တဲ့ ဂေါ်ရခါးရွာကလေးစတဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်က ရနေရာတွေလည်းတည်ရှိနေပါတယ်။ဒါ့အပြင် ကမ္ဘာကျော်အင်းလေးကန်ကြီးဆီတောလမ်းခရီး Tracking သွားရောက်နိုင်မယ့် နေရာ တစ်ခုလည်း ဖြစ်နေပါတယ်။ရာသီဥတုအားဖြင့်လည်း အပူဆုံးနွေရာသီမှာ 29 ံ C မှ 12 ံ Cအတွင်းရှိနေ တာကြောင့် နေလို့ အကောင်းဆုံး ရာသီဥတုတစ်ခုလို့ဆိုရမှာပါ။ကလောမြို့ရဲ့ အမြင့်ဆုံးနဲ့ ထင်းရှုးပင် အထူထပ်ဆုံးနေရာမှာ တည်ရှိနေပါတယ်။ ကမ္ဘာကျော် အင်းလေးကန်ကြီးကိုလည်းတစ်နာရီကျော်ကျော်လောက်ကားမောင်းရင်ရောက်နိုင်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးမြို့၊ စီးပွားရေးမြို့ အောင်ပန်း၊ ဟဲဟိုးလေဆိပ်တို့နဲ့လည်း အနီးဆုံးမှာ တည်ရှိနေတဲ့ အတွက် နေထိုင်ဖို့ ရင်နှီးမြှုတ်နှံဖို့ အကောင်းဆုံး နေရာတစ်ခ ုဖြစ်နေပါတယ်။
ဒီလိုလှပတဲ့ကလောမြို့ကလေးရဲ့ တောင်တက်တောင်ဆင်း လမ်းလေးများကြား ကတောင်ကုန်းလေးတွေပါ်မှာ အိမ်လေးတစ်လုံး ပိုင်ဆိုင်ရမည်ဆိုလျှင် ပျော်ရွှင်ကြမှာအမှန်ပါပဲ။ တောင်ကုန်းလေးဘေးမှာရစ်ခွေစီးဆင်းသွားတဲ့ စမ်းချောင်းလေးထဲ ကရေအေးအေး လေးတွေနဲ့ ထင်းရှုးနံ့ သင်းသင်းလေး ကမိတ်ဆွေတို့ စိတ်ကိုလန်းဆန်းနေ စေပါလိမ့်မယ်။
Kalaw Hill Estate ရဲ့ ဥရောပဆန်ဆန်ခေတ်မှီဗိသုကာလက်ရာတွေကိုစင်ကာပူနိုင်ငံအခြေစိုက် Aedas architects ကအဆောက်အဦး ဒီဇိုင်းတွေကိုရေးဆွဲပေးထားတာဖြစ်ပြီး နိုင်ငံတကာအဆင့်မှီဒီဇိုင်းတွေဖြစ်တာကြောင့် မိမိတို့အိမ်လေးကို ဧည့်သည်တွေ ဖိတ်ပြီး မိတ်ဆုံစားပွဲလေးတွေလုပ်လို့ မျက်နှာပန်းလှနေမှာပါ။
နွေရာသီစံအိမ်လေးမှာလာရောက် အနားယူတဲ့အခါ လိုအပ်ချက်မရှိပဲအဆင်ပြေစွာနေထိုင်နိုင်ဖို့ Kalaw Hill Estate ကစီစဉ်ပေးထား တာတွေရှိပါတယ်။ နိုင်ငံတကာအဆင့်မှီဆေးခန်းနဲ့ ကျန်းမာရေးစစ်ဆေးမှု စက်ကိရိယာများ၊ ဆေးဝါးပစ္စည်းများ ကိုလည်း ၂၄ နာရီ စီစဉ်ပေးထားတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု အတွက ်စိတ်ပူစရာ မလိုတော့ပါဘူး။
Spa, Gym, Swimming pool( Hot water, cool water), Whisky Bar တို့ပါဝင်တဲ့ Clubhouse ကိုလည်းအိမ်ပိုင်ရှင်တွေအတွက် သီးသန့်စီစဉ်တည်ဆောက်ထားတဲ့အတွက် လာရာက်အပန်းဖြေအနားယူနိုင်ကြပါတယ်။
လမ်းမများ၊ မြေထိမ်းနံရံများကိုဒေသထွက် ဆောက်လုပ်ရေး ပစ္စည်းတွေကို အသုံးပြု အလှဆင် တည်ဆောက် မှာဖြစ်တဲ့အတွက် သဘာဝဆန်ဆန်လှပနေတဲ့ သီးသန့်မြို့ငယ်လေး တစ်ခုလိုဖြစ်နေ ပါတယ်။ ရေအရင်းမြစ် အတွက်လည်း အဆင့်မြင့်ရေ သန့်စင်စနစ်ကို ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် သန့်ရှင်းပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ရေကို အစဉ်အမြဲရရှိနေမှာပါ။
Kalaw Hill Estate ဟာ Developer များကိုယ်တိုင်နေထိုင်ဖို့ဖန်တီးပေးထားပြီးမိတ်ဆွေတို့အတွက်လည်းနေထိုင်ဖို့အထူးသင့်တော်တဲ့ အိမ်ရာစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေ ချိတ်ဆက်စီမံ ကွပ်ကဲနိုင်ဖို့ မြန်နှုန်းမြင့် အင်တာနက်ကိုလည်းထည့်သွင်းတပ်ဆင်ပေးမှာဖြစ်ပါတယ်။
စီးပွားရေးအရဖွံဖြိုးတိုးတက်ပြီးဖြစ်တဲ့ အောင်ပန်းမြို့ကိုလည်း ၁၅ မိနစ်ကားမောင်းရင် ရောက်နိုင်တဲ့အတွက် ဒေသထွက်ပစ္စည်းများ၊ စားသောက်ကုန်များ အဝတ်အထည်များ ဝယ်ယူဖို့အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် ဂေါက်သီးရိုက ်အားကစား ဝါသနာပါသူတေ ွအဖို့ Kalaw Golf Club ကိုလည်း ၅မိနစ်ကားမောင်းရင်ရောက်နိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။
နိုင်ငံတကာအဆင့်မှီဒီဇိုင်းလက်ရာများ၊ သဘာဝတရားကဖန်တီးပေးထားတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှအပများ၊ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး၊ အလတ်ဆတ်ဆုံးလို့ပြောလို့ရတဲ့ ရာသီဥတုနဲ့ အရာရာပြီးပြည့်စုံနေတဲ့ Kalaw Hill Estate ကသင့်မိသားစုလေးကို အကောင်းဆုံး အချိန်လေးတွေ ဖန်တီးပေးနိုင်ဖို့ အဆင်သင့်ပါ။ အနာဂတ် အတွက်လည်း အကျိုးအမြတ် ဖြစ်စေမယ့် အဆင့်မြင့် အိမ်ရာတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျား။
Written By : စည်သူလင်းလက် (Shweproperty.com)
Posted By : Wai Phyoe (Shwproperty.com)
Photo Credit : Kalaw Hill Estate
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties