By The Mirror Daily, Shweproperty.com
Updated at 11 January 2019
ရန်ကုန်မြို့၌ ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်သာယာ စင်တာ ပရဝဏ်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် ဟိုတယ် Wyndham Grand Yangon Hotel တို့ကို ဖဲကြိုးဖြတ်၍လည်းကောင်း၊ စက်ခ လုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးခဲ့ကြသည်။
မျက်ဝါးထင်ထင်တွေ့မြင်
"ကန်သာယာစင်တာကို ဖွင့်လှစ်နိုင်တဲ့အတွက် ကြောင့် ရန်ကုန်မြို့ရဲ့ စီးပွားရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ ဒီစင်တာမှာ နေထိုင်မယ့်သူတွေ၊ အဲဒီမှာ ရုံးလုပ်ငန်းဆောင်ရွက်ကြ မယ့်သူတွေအတွက် အခွင့်အလမ်းတွေ အများကြီးရရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုးပမ်း ဆောင်ရွက်တဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အင်မတန်အရေးကြီးပါတယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ စနစ်တကျလုပ်ငန်းလည်ပတ်မှုတွေ လုပ်ဆောင် နိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အစိုးရပိုင်းကပဲ ရင်းနှီးစိုက်ထုတ် လုပ်ကိုင်နေမယ်ဆိုရင် မြို့ပြဖွံ့ ဖြိုးတိုးတက်မှုက နောက်ကျ ကျန်နေမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းနဲ့ မြို့ပြဖွံ့ဖြိုးမှုကို ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ပါ တယ်။
"၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်အခါသမယမှာ ကန်သာယာ စင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် မြန်မာ နှစ်သစ် ကူးမှာလည်း ကန်တော်ကြီးထဲက ငါးပြတိုက်ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ နိုင်ငံ တကာအဆင့်မီ ငါးပြတိုက်အဖြစ် လုပ်ဆောင် နေတာပါ။ ဒါကြောင့် ကန်တော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုး တက် အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ကန်တော်ကြီးထဲက လမ်းတွေ၊ တံတားတွေကိုလည်း အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။ အခုကန်သာယာစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်လို့ ငါးပြတိုက်နဲ့ ကျန်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားမယ်ဆိုရင် ကန်တော် ကြီးဝန်းကျင်ဟာ အများပြည်သူအတွက် အပန်း ဖြေအနားယူစရာ၊ နိုင်ငံတကာက လာရောက်မယ့်သူတွေအတွက် တည်းခိုစရာ၊ ဈေးဝယ်နိုင်စရာနေရာတွေ ပြည့်စုံပြီး မြို့ပြ ဖွံ့ဖြိုးမှု အမှတ်သင်္ကေတတွေကို မြင်တွေ့နိုင်မယ့်နေရာ တစ်ခု ဖြစ်လာမှာပါ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး Steel Structure ဖြင့် ဆောက်လုပ်ထားသည့် ကန်သာယာတာဝါ အဆင့် မြင့် စီမံကိန်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့် (သိမ်ဖြူ ယာဉ်မောင်း သင်တန်း ကျောင်းနေရာ)ရှိ မြေဧရိယာ အကျယ်အဝန်း ၃ ဒသမ ၅၂ ဧကပေါ်၌ အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Asia Myanmar Consortium Development ကုမ္ပဏီလီမိတက်တို့က ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ၏ နည်းပညာဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကုန်အကျခံ အကျိုး တူပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထည့်သွင်းဆောက်လုပ်ထား
စီမံကိန်းဧရိယာအတွင်း လူနေတိုက်ခန်း ၁၃၂ ခန်းပါဝင်သော Residential Tower၊ ၂၂ ထပ်ရှိ ရုံးခန်း ၁၆၈ ခန်းပါဝင်သော OfficeTower၊ အထပ် ၂၀ ရှိ အခန်းပေါင်း ၃၀၀ ပါဝင်သော m Five Star Wyndham Grand Yangon Hotel ၊ ၂၃ ထပ်ရှိ အခန်းပေါင်း ၁၇၁ ခန်း ပါဝင်သည့် Serviced Apartment နှင့် မြေညီထပ်တွင် နှစ်ထပ်ဆောက်လုပ်ထားသော Shopping Mall အပါအဝင် နိုင်ငံတကာ အဆင့်မီရုပ်ရှင်ရုံငါးရုံနှင့် ဈေးဆိုင် ခန်းများ ထည့်သွင်းဆောက် လုပ်ထားကာ မော်တော်ယာဉ် ၅၅၉ စီး ရပ်နားနိုင်သော ကားပါကင်နှင့် အရေးပေါ် မီးသတ်စနစ်အတွက် ဓာတ်လှေကားများ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။
"ဟိုတယ်မှာ လူဦးရေ ၅၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်းရရှိကြမှာဖြစ်ပြီး ရုံးခန်းအပါအဝင် တခြား အဆောက်အအုံတွေပါဆိုရင် လူဦးရေတစ်ထောင်ကျော်လောက် အလုပ်အကိုင်ရရှိကြမှာ ဖြစ်ပါတယ်။ ခုဆိုရင် ဟိုတယ်မှာ မြို့နယ်အသီးသီးက လူဦးရေ ၅၀၀ ကျော်ကို အလုပ်ခန့်ပြီးပါပြီ။ ပြီးတော့ အလုပ်ကိစ္စဖြစ်ဖြစ်၊ အလည် အပတ်ဖြစ်ဖြစ် ပြည်ပကလာရောက်ကြမယ့် နိုင်ငံခြားသားတွေလည်း အဆင်ပြေစွာ တည်း ခိုနိုင် မှာဖြစ်ပါတယ်"ဟု စီမံကိန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ခိုင်က ပြောသည်။
ကန်သာယာတာဝါ အဆင့်မြင့်စီမံကိန်း တည်ဆောက်ရန်အတွက် ၂၀၁၃ ခုနှစ် မေ ၁၁ ရက်တွင် Asia Myanmar Consortium Development ကုမ္ပဏီ လီမိတက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် အကျိုးတူ ပူးပေါင်းတည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာလတွင် စီမံကိန်းမြေ တူးဖော်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအတွင်းရှိ ဟိုတယ်အပါအဝင် ရုံးခန်းများနှင့် လူနေတိုက်ခန်းများအား စီမံခန့်ခွဲမှုအပိုင်းကို နိုင်ငံ အသီးသီးတွင် ဟိုတယ်အလုံးရေ ၇၀၀၀ ကျော်၊ အခန်း ပေါင်း ၅၀၀၀၀ ကျော်ပိုင်ဆိုင်သော အမေရိကန်နိုင်ငံရှိ American Wyndham Hotel And Resorts ကုမ္ပဏီက စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : The Mirror Daily
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties