By SWEET(Yangon chronicle), Shweproperty.com
Updated at 13 October 2012
ကြားဖျက်ရွေးကောက်ပွဲ အချိန်ကာလက ကော့မှူးမြို့နယ်မဲဆန္ဒနယ်မြေသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရရှိခဲ့ရာ ကော့မှူးမြို့နယ်အတွင်း မြေဈေးမှာ တနှစ်အတွင်း အဆ ၃၀နီးပါး မြင့်တက်ခဲ့ ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်လာမည့် အနေအထားနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသောစိတ်ကြောင့် အိမ်းခြံမြေဝယ်ယူမှု များပြားလာခြင်းဖြစ်ကြောင်း ကော့မှူးမြို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောကြားသည်။
“မနှစ်တုန်းက ခြံတဧက မှ ၃သိန်းလောက်ရှိတာ အခု သိန်း၉၀၊ ၁၀၀နဲ့တောင် အတော်ရှာယူနေရပြီ” ဟု ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်အချို့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ထူထောင် ကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေကြောင်း၊ ကုတင် ၁၀၀၀ ဆန့် ဆေးရုံတည်ဆောက်ပေးရန် စီစဉ်နေသည်ဟုကြားသိရကြောင်း ဒေ သခံများက ရှင်းပြသည်။
“ကျွန်တော်ကမြတ်ဖို့ သိပ်တော့မျှော်လင့်ပါဘူး။ အမေစုရဲ့ မဲဆန္ဒနယ်မို့လို့ ကိုယ်ပိုင်ခြံတွေ ရှိချင်လို့ လိုက်ဝယ်ထားတာပါ”ဟု ကော့မှူး-ရန်ကုန် ကားလမ်းမပေါ်ရှိ မြေကွက် ၃ကွက် ဝယ်ယူထားသူ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ထက်က ပြောကြားသည်။
ကော့မှူးမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး အခြားစီးပွားရေးလုပ်ငန်းများ မဖွံဖြိုးသေးကြောင်း၊ ယခုနှစ်ပိုင်းအ တွင်း အိမ်ခြံမြေအရောင်းအဝယ် များပြားလာခြင်းကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း အချို့ တွေ့မြင်လာရကြောင်း ဒေသခံများက ဆိုသည်။
ကော့မှူးမြို့သည်အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် မွေးဖွားရာဇာတိဖြစ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က လည်း ၎င်း၏မိခင်အတွက် အဆိုပါနယ်၏ လွတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကော့မှူးဒေသခံများအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားပြုမူအတွက် ဂုဏ်ယူနေကြပြီး၊ ၎င်း၏အကူအညီဖြင့် ဖွံဖြိုးရေးလုပ်ငန်းများ ပိုမို များပြားလာမည်ကို မျှော်လင့်နေကြသည်။ Source : SWEET(Yangon chronicle)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties