By Social Media, Shweproperty.com
Updated at 5 April 2019
ကရင်ပြည်နယ် ဘားအံမြို့မှာတည်ဆောက်မယ့် ဧက တစ်ရာကျော်ကျယ်ဝန်းတဲ့ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းသစ်ကို ကရင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ဧပြီလ ၃ ရက်နေ့ကကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုခဲ့တာပါ။
ဘားအံမြို့နယ် တောင်ကလေးကျေးရွာမှာ တည်ဆောက်မဲ့ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်း ဘဏ္ဍာရေးနဲ့ စည်ပင်သာယာဝန်ကြီး ဦးသန်းနိုင်က ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ပြည်နယ်လွှတ်တော်မှာ အဆိုပြုတင်သွင်းခဲ့တာပါ။
ဒီစီမံကိန်းအတွက် လုံးချင်းအိမ်ရာတွေကို တည်ဆောက်နေပြီလို့လည်း ဦးသန်းနိုင်ကဆိုပါတယ်။စီမံကိန်းဖော်ဆောင်မယ့်မြေနေရာဟာ တပ်မတော်ကပြန်လည်စွန့်လွှတ်လိုက်တဲ့ ၉၂၈ ဒသမ ၉၃ ဧကအကျယ်ရှိတဲ့ မြေနေရာထဲမှာဖြစ်ပါတယ်။
ဒီစီမံကိန်းထဲက ဧက ၁၀၀ ရှိတဲ့မြေနေရာမှာ SHM ကုမ္ပဏီမှ လုံးချင်းအိမ်ရာစီမံကိန်းနဲ့ ဧက ၂၀ ရှိတဲ့မြေနေရာမှာတော့ Golden Zynith Construction ကုမ္ပဏီမှ တန်ဖိုးသင့်အိမ်ရာစီမံကိန်းတွေကို တည်ဆောက်သွားမှာဖြစ်ပါတယ်။
Golden Zynith Construction ကုမ္ပဏီကဖော်ဆောင်မယ့် စီမံကိန်းထဲမှာတော့ လေး ခန်းတွဲငါးထပ် အိမ်ရာအလုံးတစ်ရာနဲ့ စာသင်ကျောင်း၊ ဆေးခန်း ၊ ကစားကွင်း၊ ဈေး ၊ မီနီမားကတ်တို့ ပါဝင်ပြီး တရုတ်ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းမှာဖြစ်ကာ အမေရိကန်ဒေါ်လာ ၂၇ သန်းခန့် ရင်နှီးမြုပ်နှံသွားမယ်လို့သိရပါတယ်။
Golden Zynith Construction ရဲ့ စီမံကိန်းကိုတော့ အခုအစိုးရသက်တမ်းကာလအတွင်းမှာ အပြီးဆောင်ရွက်သွားမှာလု့ိ သိရပါတယ်။SHM ကုမ္ပဏီရဲ့ ကျပ်သန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းမှာတော့ လုံးချင်းအိမ်ရာအလုံးလေးရာနဲ့ အခြားအခြေခံအဆောက်အဦးတွေပါဝင်ကာ စီမံကိန်းကို ငါးနှစ်အတွင်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။
စီမံကိန်းရဲ့ ပထမတစ်နှစ်ခွဲအတွင်းမှာတော့ အိမ်ရာအလုံးတစ်ရာကို ပြီးစီးအောင် တည်ဆောက်ရမယ်လို့သိရပါတယ်။တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအကောင်အထည်ဖော်မယ့်နေရာ လူမနေတဲ့ တဲအိမ်အချို့နဲ့ခြံစည်းရိုးတွေကို ကျူးကျော်ဆိုကာ ပြီးခဲ့တဲ့နှစ်အတွင်းက ပြည်နယ်အစိုးရအဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ်။
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties