By Myanmar Builders Guide, Shweproperty.com
Updated at 15 March 2019
အိမ်ရာပိုင်ဆိုင်လိုသူများ၏ အခြေအနေကိုလိုက်၍ အတိုးနှုန်းကွာခြားသွားမည့် အိမ်ရာချေးငွေပုံစံသစ်ငါးမျိုးကို ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
အဆိုပါ အိမ်ရာချေးငွေပုံစံသစ်ငါးမျိုးတွင် လက်မလွှတ်သင့်သော အိမ်ရာချေးငွေအတိုးနှုန်းများ ပေးအပ်ထားပြီး အိမ်ရာပိုင်ဆိုင်လိုသူများ၏ အခြေအနေအလိုက် အကျိုးကျေးဇူးအမျိုးမျိုး ခံစားခွင့်ရရှိနိုင်ရန် လွယ်ကူရိုးရှင်းသည့်ချေးငွေပုံစံကို ပြုလုပ်ပေးထားကြောင်း သိရသည်။
“ကမ္ဘောဇဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကနေ တစ်ဆင့် လူမှုအဆင့်အတန်း တိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အိမ်ရာချေးငွေအစီအစဉ်သစ်တွေကနေ အိမ်ပိုင်ဆိုင်လိုသူတွေအတွက် အတိုးနှုန်းထားတွေကို သင့်တော်သလို အတိုးအလျှော့ပြုလုပ်ပေးထားပြီး အတိုး၊ အရင်းပုံမှန်သွင်းတဲ့သူတွေအတွက် အကျိုးခံစားခွင့်တွေရအောင် ကြိုးစားဆောင်ရွက် ပေးနေပါတယ်" ဟု ကမ္ဘောဇဘဏ် အိမ်ရာချေးငွေဌာနမှူး ဦးဌေးအောင်ကျော်က ပြောသည်။
ကမ္ဘောဇဘဏ်မှပေးအပ်သည့် အိမ် ရာချေးငွေအစီအစဉ်များမှာ ဗဟိုဘဏ်မှ ခွင့်ပြုချက်ရရှိထားသော အစီအစဉ်များ ဖြစ်ပြီး ချေးငွေရယူသူ၏ အသက်အရွယ်၊ လစဉ်ဝင်ငွေ၊ ရောင်းချသည့်နေရာနှင့် ဝယ်ယူမည့်အိမ်ရာတန်ဖိုး စသည့်အချက် များအလိုက် ပေးအပ်သွားမည်ဖြစ်ပြီး အ တိုးနှုန်းအစီအစဉ်သစ်ငါးမျိုးမှာလည်း ချေးငွေရယူသည့်ပုံစံအလိုက် ရာခိုင်နှုန်း လျှော့၍ အတိုးနှုန်းကောက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties