By kumudra, Shweproperty.com
Updated at 7 May 2013
ခရမ်းသုံးခွမှာ မြေဝယ်မယ်ဆိုုရင်
ခရမ်းသုံးခွဘက်မှာ မြေဝယ်ယူမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်မောင်အေးက အခုလိုပြောပြပါတယ်။
- ခရမ်းသုံးခွဘက်မှာ ရွာမြေ၊ လယ်မြေတွေများပါတယ်။ ရွာမြေတွေ ဝယ်မယ်ဆိုရင် သက်ဆိုင်ရာ ရယကမှာ ပိုင်ရှင်ဟုတ်မဟုတ် စုံစမ်းပြီး ဝယ်ယူရပါတယ်။ - လယ်မြေတွေ ဝယ်မယ်ဆိုရင်တော့ မြေတိုင်းရုံးမှာ အမည်ပေါက်စုံစမ်းပြီးမှ ဝယ်ယူသင့်ပါတယ်။ သက်ဆိုင်ရာ ရယကရဲ့ လွှဲစာလည်းလိုအပ်ပါတယ်။ - စလစ် နာမည်ပေါက် မပေါက်ကိုလည်း မြေပုံမြေစာမှာ သေချာစစ်ရပါမယ်။ - ဝယ်ယူတဲ့အချိန်မှာ မှတ်ပုံတင်လုပ်ပြီးသွားရင်တော့ ရောင်းမယ့်လူရဲ့ အမည်နေရာမှာ ကိုယ့်အမည် ပြန်ပြောင်းရမှာ ဖြစ်ပါတယ်။ - မှတ်ပုံတင်ပြီးသွားရင် ခိုင်မာသွားပြီဖြစ်တာကြောင့် လယ်မြေဆက်လက်လုပ်ပိုင်ခွင့် ရရှိမှာဖြစ်သလို ကိုယ်မလုပ်နိုင်ရင်လည်း သီးစားအဌားချထားလို့ရပါတယ်။ - ဈေးနှုန်းကတော့ မိန်းလမ်းမကြီးတွေမှာ အရောင်းအဝယ်လိုက်နေပြီး တစ်ဧကကို ကျပ်သိန်း ၆၀ ကနေ ၁၅၀ - ၂၀၀ လောက်အထိရှိတယ်လို့ သိရပါတယ်။
Ref : Kumdra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties