By Sint Sint, Shweproperty.com
Updated at 18 January 2021
ဟင်းချက်တိုင်းမှာ မရှိမဖြစ်လိုအပ်ပြီးတော့ မီးဖိုချောင်တိုင်းမှာ အမြဲရှိတဲ့ ကြက်သွန်ဖြူတွေမှာကျန်းမာရေးအတွက် အစွမ်းသတ္တိတွေအများကြီးရှိနေတယ်ဆိုတာ အားလုံးနီးပါး သိထားပြီးဖြစ်မှာပါ။ ဒါပေမယ့်လူအများစု သေချာမသိသေးတဲ့ နောက်ထပ်တစ်ချက်ကတော့ အမြဲလွှင့်ပစ်လေ့ရှိတဲ့ကြက်သွန်ဖြူအခွံတွေရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ရုရှားလူမျိုးတွေဟာဆိုရင် ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှ လွှင့်ပစ်ခြင်းမရှိဘဲ အမြဲသိမ်းဆည်းထားကာ ကျန်းမာရေးအတွက် ပြန်လည်အသုံးပြုလေ့ရှိပါတယ်။အအေးခံပြီးတော့ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ တစ်ခါသောက် တစ်ဇွန်းကို တစ်နေ့လျှင် သုံးကြိမ်အနေနဲ့ တစ်လသောက်သုံးပေးပါ။ပြီးရင်တော့ ဆယ်ရက်နားပေးပါ။အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးခြင်းကြက်သွန်ဖြူခွံတွေကို လက်တစ်ဆုပ်စာ အပြည့်ယူလိုက်ပြီးတော့ အပူပေးထားတဲ့ ဒယ်အိုးပေါ်ကို တင်ပေးလိုက်ကာ ထွက်လာမယ့် အငွေ့ကို ရှူရှိုက်ပေးလိုက်ပါ။ နေထိုင်မကောင်းဖြစ်နေတဲ့ တစ်ပတ်လုံးမှာ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပြီးတော့အအေးမိဖျားနာခြင်း၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။ ဝမ်းလျောမှုကို သက်သာစေခြင်းအကယ်လို့ ဝမ်းက မထိန်းမရပ်နိုင်လောက်အောင် သွားလွန်းနေတယ်ဆိုရင်တော့ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူအခွံမှုန့် ဇွန်းအသေးတစ်ဇွန်းစာကိုရေနဲ့ဖြစ်ဖြစ် ရေနွေးနဲ့ဖြစ်ဖြစ် သောက်သုံးပေးပါ။ နှစ်ရက်သောက်သုံးပေးပါက ဝမ်းပျက်တာကို အရှင်းမပျောက်စေရင်တောင်မှ သက်သာစေမှာဖြစ်ပါတယ်။စိတ်လက်ပေါ့ပါးစေခြင်းကြက်သွန်ဖြူငါးမြွှာကို အသားကြိတ်စက်ထဲထည့်ကြိတ်ပြီးတော့ ပျားရည် လီတာတစ်ဝက်၊ သံပုယိုသီးငါးလုံးအရည်တို့နဲ့ နှပ်ထားလိုက်ပါ။တစ်ပတ်ကြာကြာ လေလုံအောင် စိမ်ပေးထားပြီးနောက်မှာ တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ၄ ဇွန်း သောက်သုံးပေးပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ် အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း Credit : Maytlatyar Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties