By Kyi Soe (IC), Shweproperty.com
Updated at 10 August 2015
နှစ်ထပ်တိုက်၊ အောက်ထပ်ခေါင်းရင်းခန်းမှာ နေတဲ့တို. ဘကြီးလူပျိုကြီးက ဒီအိမ်ပိုင်ရှင်/မြေပိုင်ရှင်ပေါ့။ တို.ဘကြီးလူပျိုကြီးက ဒီအိမ်ပိုင်ရှင်/မြေပိုင်ရှင်ပေါ့။
သူ.အခန်းမှာနေတဲ့ရွာက တူတူမ၊ မောင်နှမနှစ်ယောက်က မှီခိုတဲ့ သူ.တူမယောကျာ်းရပြီလေ။ အဲဒီ တူမရဲ. ယောကျာ်းကလည်း သူ.မှာ ပိုင်ရေးဆိုင်ခွင့်ရှိတယ်။ အမွေဆိုင်တယ်ဆိုပြီး အောက်ထပ်ခြေရင်းခန်းမှာ နေတယ်။
အပေါ်ထပ်ခေါင်းရင်းခန်းကတော့ အရပ်စာချုပ်နဲ. ဝယ်ပြီးနေကြတာ။ အပေါ်ထပ်ခြေရင်းခန်းက လင်မယားကတော့ အဲဒီအခန်းကို ဘကြီးကပေါင်ထားလို. နေနေကြတာတဲ့။
ကားဂိုဒေါင်အပေါ်ထပ်ကတော့ ဘကြီးကလူငှားတင်ထားတယ်။ ကားဂိုဒေါင်ထဲမှာကတော့ ဒရိုင်ဘာ လင်မယားကို သနားလို.တဲ့ နေခွင့်ပြုထားတယ်။
ကားဂိုဒေါင်ဘေးက အဖီချနေတဲ့ လင်မယားကတော့ ဒီခြံကြီးဝယ်ကတည်းက ကျူးကျော်တဲ့ဗျာ ကြာလှပြီ မဖယ်သေးပါဘူး။
ဒီခြံထဲမှာတင် (၁)ပိုင်ရှင်၊ (၂)မှီခို၊ (၃)အမွေဆိုင်၊ (၄)ဝယ်နေတာ၊ (၅)အပေါင်ခံပြီးနေတာ၊ (၆)ငှားပြီးနေတာ၊ (၇)ခွင့်ပြုလို.နေတာ၊ (၈)ကျူးကျော်နေတာရယ်လို. မျိုးစုံလို.ပါလားဗျာ။
သူတို.ဟာနဲ.သူတို. ဘာကြောင့်ပဲ နေခွင့်ရရ၊ အိမ်တစ်အိမ်မှာ နေကြရပြီဆိုရင်တော့ အဲဒီလူတွေကို “လက်ဝယ်ရှိသူများလို.” ဥပဒေအရ ခေါ်ကြရတယ်။
ဒီလိုနေထိုင်ကြတဲ့ “လက်ဝယ်ရှိသူများ” ကို ဥပဒေ အရသာာတရားစွဲနှင်ထုတ်နိုင်ပါတယ်။ ကျန်တဲ့နည်းလမ်းက မရှိသလောက်ပါပဲ။ ချော့ပြောကြပါ။ ညှိကြပါပေါ့။ ရိုုက်ချမယ်ဆိုလျှင် ရိုက်မှုထပ်ဖြစ်မှာပါ။ ကျူးကျော်နှင့် အိမ်ငှား သတိကြီးစွာထားရမယ် ဖြစ်ပါတယ်။
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties