By ကိုးရီးယားတိုင်းစ်, Shweproperty.com
Updated at 3 March 2014
တောင်ကိုရီးယား ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ လုပ်ငန်းကုမ္ပဏီများသည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အကြီးစားဆောက်လုပ်ရေးနှင့် စက်ရုံ တည်ဆောက်ရေး ကန်ထရိုက်ကြီးများကို ရရှိရန် အစိုးရ၏ အပြည့်အဝ ထောက်ခံ အားပေးမှုဖြင့်ကြိုးပမ်းလျက်ရှိသည်ဟု ကိုရီးယား တိုင်းသတင်းစာက မတ်လ ၂ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယား နိုင်ငံမြေယာ၊ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာနမှဝန်ကြီး Suh Seoung hwan ဆူ ဆောင်ဝှမ်း ဦးဆောင်သော အစိုးရအထူး ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားဆောက် လုပ်ရေး လုပ်ငန်းရှင်များကို ဦးဆောင်၍ မတ်လ ၂ ရက်နေ့တွင် ကိုရီးယားမှ ထွက်ခွာသွားသည်။
ထိုအဖွဲ့တွင် Hyundai Engineering & Construction (E&C), Samsung C&T Daelim Industrial and Ssangyong E&Cနှင့် နိုင်ငံပိုင် ကိုရီးယားအရင်းအမြစ် ကော်ပိုရေးရှင်း၊ ကိုရီးယားအမြန်လမ်း ကော်ပိုရေးရှင်းနှင့် ကိုရိးယားရထားလမ်း ကွန်ယက် အာဏာပိုင်အဖွဲ့အပါအဝင် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ (၁ဝ) ကျော်မှ ကိုယ်စားများ ပါဝင်ကြသည်။
မတ်လ ၂ ရက်မှ ၆ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနှင့် မြန်မာနိုင်ငံမှအစိုးရ အရာရှိများနှင့် တွေ့ ဆုံပြီး အမြန်ရထားလမ်းကွန်ယက် ဆောက် လုပ်ရေး၊ ရေနံချက်စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ ရေစီမံခန့်ခွဲမှုတို့ အပါအဝင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ဆွေး နွေးကြမည်ဟု ဝန်ကြီးဌာနမှ သိရှိရသည်။
ဤလုပ်ငန်းများအတွက် တင်ဒါကြော်ငြာ များကို ယခုနှစ် ပထမနှစ်ဝက် အစောဆုံး ကြေငြာမည်ဟု ယူဆရသည်။ ကိုရီးယားကုမ္ပဏီများသည် မနှစ်က ပြည်ပတွင် ဆောက်လုပ်ရေးအတွက် ဒေါ် လာ ၆၅ ဘီလျံ တည်ဆောက်ရေး ကန်ထ ရိုက်များရရှိခဲ့သည်ဟုသိရှိ ရသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties